ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ခိုလမ်မြို့၊ အ.မ.က(နောင်ပိန်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က အ.မ.က (နောင်ပိန်) ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ပင်လောင်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပင်ခွန်ကျောင်းခန်းမတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က  ပြုလုပ်ခဲ့သည်။

ကျောက်တလုံးကြီးမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

ကွန်ဟိန်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်းခွဲ(ဝမ်ပန်)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအား ယနေ့နံနက် (၁၀:၀၀)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ် ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထများ ရရှိစေရန်၊ စာဖတ်ရှုခြင်းဖြင့် လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ)၏ “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ရုံးခန်းတွင် Youth Club စာဖတ်ဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်ခန့်က ကောင်းစံသာ (ရေကြည်) ရေးသားသော”လူငယ်တွေဖတ်ဖို့ ဘဝအတွက်အတွေးအမြင်များနှင့်စိတ်ဓာတ်ခွန်အားဖြည့်စာများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ကျိုင်းလပ်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက စာရေးဆရာ ညီညီနိုင်ရေးသားထားသော "ပညာနှင့်ဘ၀အောင်မြင်ရေးလမ်းညွန်" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

မိုင်းယန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ လူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန်အတွက် ယနေ့နံနက် ၁၀ နာရီ အချိန်က စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားထားသော “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မန့်ဟီးရိုးမြို့၊ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/သူများဖြင့် စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ဒေသခံပြည်သူများ၊ လူငယ်လူရွယ်များနှင့် ကျောင်းသား/သူများ အသိပညာဗဟုသုတ တိုးတက်မြင့်မားရေးနှင့် စာဖတ်ရှိန် ပိုမိုတိုးတက်လာစေရန် ယမန်နေ့ နံနက် (၁၀:၃၀)အချိန်က အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများဖြင့် စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့ပါသည်။

မက်မန်းမြို့နယ်တွင် “လူငယ်နှင့်ပြည်ထောင်စုစိတ်ဓာတ်”နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူငယ်များ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက် မြတ်စေရန် ရည်ရွယ်၍ “လူငယ်နှင့် ပြည်ထောင်စုစိတ်ဓာတ်”နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ