ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ်အိုမီခရွန် (Omicron) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာ ပေးနှိုးဆော်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်၊ ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ်အိုမီခရွန် (Omicron)ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု အကြိမ်ပြည့်ထိုးနှံရေး အသိပညာပေးနှိုးဆော်ခြင်းများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယမန်နေ့က နောင်ခလုံးကျေးရွာကျေးရွာ၌ လှည့်လည်ကြေညာခဲ့ကြသည်။