ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

တောင်ဥက္ကလာပမြို့နယ်တွင် စာ‌ပေဖတ်ရှုမှုပိုမိုမြင့်မား လာ‌စေရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများစာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က ဌာနဆိုင်ရာရုံးများအရောက် သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မုဒုံမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ

သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှုကို လျော့နည်းလာစေရန်နှင့် ရောဂါဖြစ်ပွားမှုကြောင့် သွေးလန့်၍ အသက်ဆုံးရှုံးမှုများ မရှိစေရန်အတွက် မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ​ခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက  သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ကျင်းပသည်။

သိန္နီမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကြောင့် စာဖတ်ပရိသတ်များ အဆင်ပြေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိ ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေး၊ စာဖတ်သည့်အလေ့အထကောင်းများရရှိစေရေးနှင့် အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် စာအုပ်စာစောင်များကို နယ်လည့်စာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာရုံးများအရောက် လှည့်လည်ငှားရမ်းပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ပေးခဲ့သည်။

လူထုအခြေပြုဗဟိုဌာန၌ Youth Club အသင်းဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌  

လဲချားမြို့နယ်တွင် ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊စာစောင်များ ကွင်းဆင်းငှားရမ်းပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီအချိန်က ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းပေးခဲ့​သည်။

ကျိုက်ထိုမြို့နယ်တွင် ရေသယံဇာတထိန်းသိမ်းရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် သထုံခရိုင် ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့၊ နံနက်ပိုင်းက ရေသယံဇာတထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ် စာရေးဆရာအသင်း စာပေညီလာခံအတွေ့အကြုံ ရှင်းလင်းပွဲနှင့် မျက်နှာစုံညီ အစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ စာရေးဆရာအသင်း တတိယအကြိမ် စာပေညီလာခံ အတွေ့အကြုံရှင်းလင်းခြင်းနှင့် အရေးပေါ် မျက်နှာစုံညီ အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရသေ့တောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင်လူငယ်လူရွယ်ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့ နေ့လယ်၁၂ နာရီက ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ဘူးသီးတောင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲဆောင်ရွက်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ရုံး လူထုအခြေပြု ဗဟိုဌာန (CommunityCentre)ခန်းမ၌ အသိပညာပေးဟောပြောပွဲနှင့် နံကပ်စာစောင်၊ ဓါတ်ပုံပြပွဲဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က ကျင်းပခဲ့သည်။

သံတွဲမြို့၌ Mobile Library မော်တော်ယာဉ်ဖြင့် ကျေးရွာများအရောက် စာအုပ်များ၍ငှါးရမ်းပေး

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ပြည်သူများ စာအုပ်စာပေများကိုလေ့လာဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရေးအတွက် ယနေ့နံနက်၁၁နာရီ Mobile Library မော်တော်ယာဉ်ဖြင့် သရက်ပင်ကွင်းကျေးရွာအုပ်စု ကုန်းလေး၊ ကုန်းကြီးကျေးရွာများသို့ သွားရောက်ပြီး  ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့် အညီ သုတ/ရသ စာအုပ်များကို ငှါးရမ်းပေးခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ