ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ပုဏ္ဏားကျွန်းမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို  ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ မင်းပြားမြို့၌ စာပေစကားဝိုင်း ကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်သင်တန်းကျောင်း၌ စာပေစကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က    ကျင်းပပြုလုပ်သည်။

ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4 ၊ B.5 ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက် ၉ နာရီက ကျိုက်ဒုံမြို့၊ အမှတ် ၄ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4 ၊ B.5 ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်ခဲ့ကြသည်။

ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ်ရောဂါကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြပါရန် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ “အိုမီခရွန်မျိုးစိတ်သစ်” ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ဒေသနေပြည်သူများ သိရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် (၉) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်နိုင်ရေး Table Top Exercise ဆွေးနွေးပွဲ ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွား လာပါက စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်နိုင်ရေး Table Top Exercise ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀)နာရီခွဲက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ် သည်။

အုတ်တွင်းမြို့နယ်၌ ဆေးရောင်ခြယ်​ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူများအား ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ် ​​​​​​​​​​​မြောက်ပိုင်းရပ်ကွက်၌ အိုမီခရွန်မျိုးရိုးဗီဇ​​ပြောင်း ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေး အကြိမ်ပြည့်ထိုးနှံ​ရေး အသိပညာ​ပေးနှိုး​ဆော်

ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇ​ပြောင်း ကိုဗစ်-၁၉ ​ရောဂါ ကြိုတင်ကာကွယ် သတိပြုနိုင်ကြ​စေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေးအကြိမ်ပြည့်ထိုးနှံ​ရေးအတွက် အသိပညာ​ပေးနှိုး​ဆော်ခြင်းကို ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့်​ စေတနာ့ဝန်ထမ်းများက ယ​နေ့ နံနက်(၁၀)နာရီက မြောက်ပိုင်း ရပ်ကွက်၌ အသိပညာ​ပေး နှိုး​ဆော်ခြင်းများ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ က‌လေးငယ်များ ကာယ၊ ဉာဏဖွံ့ဖြိုးရေးအတွက် ပြိုင်ပွဲများဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် က‌လေးများ ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာကြည့်တိုက်နှင့် ရင်းနှီးမှုရရှိ‌စေပြီး စာဖတ်စွမ်းရည်မြှင့်မား‌စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ပြိုင်ပွဲများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center တွင် စာဖတ်ဝိုင်းပြုလုပ်

အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ စာပေ ချစ်သူများအသင်း Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ