ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ လူငယ်ရေးရာနှင့်ပတ်သက်၍ သိရှိလိုက်နာကျင့်သုံးနိုင် စေရန်နှင့် အသိပညာဗဟုသုရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ် ကျောက်တော အ.လ.ကကျောင်းနှင့်မူလွန် အ.မ.ကကျောင်းတို့တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောခြင်း၊ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မျက်ချင်းနု မူလွန်ကျောင်း၌လည်းကောင်း၊ နေ့လယ်၁နာရီအချိန်က ကျောက်တော အ.လ.ကကျောင်း၌ လည်းကောင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“စုန်ဆန်စီးမျောစာပေတော” စာပေစကားဝိုင်းသံတွဲ၌ကျင်းပ

သံတွဲမြို့နယ် စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)မှ ဦးဆောင်ကျင်းပသည့် “စုန်ဆန်စီးမျော စာပေတော”(၃၃)ကြိမ်မြောက် စာပေစကားဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ကျင်းပပြုလုပ်သည်။

မိုင်းရှူးမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် စာငှားသူ၊ စာဖတ်သူများနှင့် စည်ကား

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြည်သူကိုဗဟိုပြု၍ စာအုပ်စာ‌စောင်များငှားရမ်းပေးခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် စာအုပ်ငှားရမ်းသူ၊ စာဖတ်သူနှင့် ကစားစရာများ လာရောက်‌ကစားသူ စည်ကားလျက်ရှိသည်။

ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သိကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ပလပ်စတစ်သုံးစွဲမှုလျော့နည်းစေရေး အသိပညာပေးဆွေးနွေးပွဲ လားရှိုးမြို့ Community Centre တွင် ကျင်းပ

ယနေ့အချိန်ကာလတွင် ပလပ်စတစ်သုံးစွဲမှုသည် ရေမြေသတ္တဝါများနှင့် သဘာဝပတ်ဝန်းကျင်များကို ပျက်စီးယိုယွင်းအောင် ခြိမ်းခြောက်လျက်ရှိသဖြင့် ပလပ်စတစ်သုံးစွဲမှု လျော့ချစေရေးအတွက် “ ပလပ်စတစ် သုံးစွဲမှုလျော့ချရေး အသိပညာပေးဆွေးနွေးပွဲ” ကို ယနေ့နံနက် (၁၀)နာရီအချိန် က လူထုအခြေပြုဗဟိုဌာန Community Centre (Lashio) ရှိ ဘက်စုံသုံးခန်းမတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း၍ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ် အ.ထ.က (၂) ၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့က်ဆံရေးဦးစီးဌာနနှင့် အား ကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူး‌ပေါင်း၍ ကျောင်းသားလူငယ်များ အသိပညာဗဟုသု ရရှိစေရန် အားကစား‌၏ အကျိုးကျေးဇူးကို သိရှိစေရန်၊ ရည်ရွယ်၍ အသိပညာပေးဟော ပြောပွဲကို ယနေ့ နံနက် (၁၀)နာရီ က အထက(၂) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်ဒုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့နံနက် ၁၀ နာရီက စာအုပ်စာပေချစ်မြတ်နိုး သူများအသင်း(Book Club) မှ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာပြီး ကိုယ်တိုင်တွေးခေါ်စဉ်းစားဆုံးဖြတ်နိုင်သော အမြော်အမြင်များ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီအချိန်က လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသော “စာကောင်းပေကောင်းရဲ့အရသာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။

သံတောင်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကလေးသူငယ်အခွင်အရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ပြုလုပ် ဆောင်ရွက်ခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ