ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

မိုင်းယန်းမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းဆောင်ရွက်

ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတရရှိစေရန်၊ အနာဂတ်၏ ခေါင်းဆောင်များဖြစ်လာမည့် ကလေးများရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ အတွေးအခေါ်အယူအဆများ ထက်မြက်လာစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန်နှင့် စာပေဖတ်ရှုလေ့လာလိုစိတ် မြင့်မားလာစေရန်

လှာကဒေါင်ကျေးရွာအုပ်စု မွေးမြူရေးဇုန်အဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

ဘားအံမြို့ရှောင်လမ်းနှင့် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးတို့ကို ချိတ်ဆက်ပေး ထားသည့် ဖြတ်လမ်းတစ်လမ်းဖြစ်သော မွေးမြူရေးဇုန်အဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၈ နာရီခန့်က လှာကဒေါင်ကျေးရွာအုပ်စုရှိ အဆိုပါလမ်းသစ်မုခ်ဦး၌ ကျင်းပသည်။

မိုင်းပျဉ်းမြို့၌ ငလျင်နှင့် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး Talk Show ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ငလျင်နှင့် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး Talk Show ရိုက်ကူးဆောင်ရွက်မှု အစီအစဉ်ကို ယမန်နေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါအကြောင်း အသိပညာပေး Talk Show ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ "သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး" (Talk Show) ဆွေးနွေးပွဲ ကျင်းပပြုလုပ်

သထုံခရိုင်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပူးပေါင်း၍ "သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး" (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်း က ဘီးလင်းမြို့နယ်ရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။

သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်ရေးပြိုင်ပွဲများ ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ယနေ့နံနက်(၁၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်း၌ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အိမ်ဆောက်ပြိုင်ပွဲနှင့် ပင်ပေါင်ရိုက်ပြိုင်ပွဲတို့ကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်း၌ ကျောင်းပိတ်ရက်တွင် ကျောင်းသား လူငယ်များ အချိန်ကိုအသုံးချတတ်စေရေး ပြိုင်ပွဲများဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များအနေဖြင့် အဖိတ်/ဥပုသ်ကျောင်းပိတ်ရက် များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေး၊ ပြည်သူ့စာကြည့်တိုက်ကို ယုံကြည်အားကိုးလာရောက်ကာ ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်စေရေးနှင့် စိတ်အပန်းဖြေပျော်ရွှင်စေရေးအတွက် ပြိုင်ပွဲများ လေ့ကျင့်ပြုလုပ်ပေးလျက်ရှိရာ ယ‌နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်းတွင် ကလေးငယ်များ စာဖတ်စွမ်းရည်မြှင့်တင်ရေးအတွက်ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့သည်။

တောင်ငူ၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ပြည်သူများလက်ဝယ်အရောက် စာအုပ်စာ‌‌စောင်များ ငှားရမ်း

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှ ​ပြည်သူများ စာပေကို လက်လှမ်းမီစွာဖတ်ရှုလေ့လာနိုင်စေရန်၊ ​စာဖတ်သည့် အလေ့အထများ ရှိလာစေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ ကြွယ်ဝလာပြီး၊ အမှန်နှင့်အမှားကို‌ ဝေဖန်ပိုင်းခြားတတ်‌စေရန်၊ လူငယ်လူရွယ်များအချိန်ကို အကျိုးရှိစွာ အသုံးချတတ်‌စေရန်ရည်ရွယ်၍၊ ရွေ့လျား‌စာကြည့်တိုက်‌ မော်တော်ယာဉ်ဖြင့် စာအုပ်စာ‌စောင်များအား ပြည်သူများလက်ဝယ်အရောက် သွားရောက် ငှါးရမ်း‌ဆောင်ရွက်ပေးလျက်ရှိရာ၊ ယနေ့ နံနက်ပိုင်းက ခရိုင်နှင့်​ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်မီးသတ်တပ်ဖွဲ့ရုံး သို့သွား‌​ရောက် ငှါးရမ်း‌ ဆောင်ရွက်‌ပေးခဲ့‌ကြောင်း သိရသည်။

ကျောက်မဲခရိုင်၊ Community Centre ခန်းမ၌ သမဝါယမအကြောင်း အသိပညာပေး Talk Show ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့ပူးပေါင်း၍ သမဝါယမအကြောင်းအသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့၌ ကျောင်းသား/သူများအား စာအုပ်စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေး မိုဘိုင်းစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ၊ လူငယ်များ၊ ဒေသခံပြည်သူများ၊ စာအုပ်စာပေဖတ်ရှုသည့် အလေ့အထ ကောင်းများ ပေါ်ပေါက်လာစေပြီး ဘဝတစ်သက်တာသင်ယူမှု၊ လွတ်လပ်စွာ ဆုံးဖြတ်ချက်ချမှုနှင့် လူမှုအဖွဲ့အစည်းများ၏ ယဉ်ကျေးမှုဆိုင်ရာ များ တိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်၊ ရွေ့လျားစာကြည့်တိုက် (Mobile Library) မော်တော် ယာဉ်ဖြင့် အခြေခံပညာကျောင်းများ၊ သင်တန်းကျောင်းများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များရှိ စာဖတ်သူများလက်ဝယ် အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းတွင် အ-ထ-က(၃)၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနများသို့ စာအုပ်စာစောင် များ (၂၆၂)အုပ်အား အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ