ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

စုကလိမြို့တွင် အလယ်တန်းအဆင့် စိတ်ကြိုက်ပန်းချီဆွဲ ပြိုင်ပွဲ ကျင်းပ

ကရင်ပြည်နယ်မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာကြည့်တိုက်နှင့်ကလေးစာဖတ်ခန်း အသုံး ပြုမှုများ ပိုမိုကောင်းမွန်စေရေးနှင့် ကလေးငယ်များ ကာယဉာဏ စာရိတ္တ မြင့်မားစေရန်နှင့် မိမိတို့ စိတ်ကူးဉာဏ်များအား လက်တွေ့ဖန်တီး တတ်စေရန် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်တွင် ပြည်သူ့စာကြည့်တိုက်ကလေး စာဖတ်ခန်းတွင် စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးခဲ့သည်။

ဆီဆိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ မုန်တိုင်းဘေးတုံ့ပြန်ရေးဆိုင်ရာ အသိပညာပေး(Talk Show) ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်​ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းဘေးတုံ့ပြန်ရေး ဆိုင်ရာအသိပညာပေး(Talk Show)ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းဆတ်မြို့နယ်၊ အလက(ခွဲ) မယ်နင်ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း) မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးနှင့် ပလပ်စတစ်အန္တရာယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က မယ်နင်ကျေးရွာ အလက(ခွဲ)ကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

စုကလိမြို့တွင် သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲ ပြုလုပ်

စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အများပြည်သူများအား အသိပညာပေး လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်ရာတွင် ယနေ့နံနက် ၉နာရီအချိန်တွင် ပြည်သူ့စာကြည့်တိုက် Community Centre တွင် သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့သည်။

မူဆယ်မြို့ GlORY Primary ကျောင်းတွင် အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင် ပြသခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ပန်လုံ(ဟောင်း)ကျေးရွာရှိ GlORY Primary ကျောင်းတွင် ကျောင်းသူ/သားများ အသိပညာများ တိုးပွားစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်ခဲ့သည်။

ကော့ကရိတ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် “ခေါင်းဆောင်သူ၏လက္ခဏာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘောဂလိမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေအသိပညာပေး စာအုပ်စာစောင်နှင့်နံရံကပ်စာစောင်များပြသ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ သိရှိနိုင်စေရန်အတွက် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက ဘောဂလိမြို့ ပြည်သူ့စာကြည့်တိုက်၌ ဆောင်ရွက်ခဲ့သည်။

မောက်မယ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ယနေ့နံနက် (၁၀) နာရီက အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

မာန်အောင်မြို့နယ်တွင် Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာဝန်ထမ်းများအား စာအုပ်စာစောင် အခမဲ့ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကMobile Library စနစ်ဖြင့် အလုပ်မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်

ရပ်စောက်မြို့နယ်၌ ပလပ်စတစ်အန္တရာယ်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ပလပ်စတစ်အန္တရာယ်အသိပညာပေး ဟောပြောခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းဆောင်ရွက်မှုကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ဗထူး)၊ နဝရတ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ