ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့်စာအုပ်စာစောင်များကို ဌာနဆိုင်ရာရုံးများတွင် သွားရောက်ငှားရမ်းပေး
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ စာပေဖတ်ရှုမှုအဆင်ပြေစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်ခန့်က မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနတွင် သွားရောက်ငှားရမ်းပေးခဲ့သည်။