ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ရွှေကျင်မြို့နယ်တွင် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် ရပ်ကွက်များအတွင်းသို့ စာငှားဝန်ဆောင်မှု ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံပြည်သူများ စာအုပ်စာပေများကို အလွယ်တကူဖတ်ရှုနိုင်စေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့ နံနက်ပိုင်းက ညောင်ဝိုင်းရပ်ကွက်အတွင်းသို့ စာအုပ်စာစောင်များ ကွင်းဆင်း၍ ငှားရမ်းပေးခဲ့သည်။

မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌​​ ဖေ​ဖေ့နှလုံး​သွေးစက်စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

စာ​ပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိ​​စေရန်နှင့် လူငယ်ဘဝ တိုးတက်​အောင်မြင်​​စေရန် ရည်ရွယ်၍ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ယနေ့ နံနက် ၁၀ နာရီက Youth Club အဖွဲ့ဝင်များနှင့် စာရေးဆရာအကြီးကိုကို (ကသာ) ရေးသားသည့် ​ဖေ​ဖေ့နှလုံး​သွေးစက် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

​ဘောဂလိမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၀ နာရီခွဲခန့်က ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

ကျေက်တံခါးမြို့နယ်တွင် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် ရပ်ကွက်များအတွင်းသို့ စာငှားဝန်ဆောင်မှု ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံပြည်သူများ စာအုပ်စာပေများကို အလွယ်တကူ ဖတ်ရှု့နိုင်စေရန်နှင့် စာပေဗဟုသုတ ကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့ နံနက်ပိုင်းက စျေးပိုင်းရပ်ကွက်အတွင်းသို့ စာအုပ်စာစောင်များ ကွင်းဆင်း၍ ငှားရမ်းပေးခဲ့သည်။

ကျိုက်ဒုံမြို့၊လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး(Talk Show)ပြုလုပ်

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယနေ့နံနက် ၁၀ နာရီက မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး(Talk Show)ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ကာလိမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁၅၁) ခြေလျင်တပ်ရင်း မိသားစုဝင်များနှင့် ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူ လူငယ်များအတွက် ယနေ့နံနက်(၉)နာရီ အချိန်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

က‌လေးများစာဖတ်သည့် အလေ့အကျင့်ကောင်းရရှိစေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးများစာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယ‌နေ့နံနက်(၉)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။

ရွာငံ​မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များ လာရောက်ဖတ်ရှု့ငှားရမ်းရန် အခက်အခဲရှိသည့် စာဖတ်ဝါသနာရှင်များ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသား/ ကျောင်းသူများအား စာအုပ်စာစောင် ဖတ်ရှုလေ့လာမှု ပိုမိုအဆင်ပြေစေရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရွာငံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များကို စာဖတ်ဝါသနာရှင်များထံ သွား​ရောက်ငှားရမ်းပေးလျက်ရှိသည်။

မိုင်းငေါ့မြို့၌ “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲ (Talk Show)ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centreတွင် “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် (၉)နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်သည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show) ကို အောက်တိုဘာလ ၁၂ ရက် နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ