ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Woman Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ယနေ့နေ့လယ် ၁၂ နာရီအချိန်က Woman Club အဖွဲ့ဝင်များနှင့် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့်  ခေါင်းဆောင်မှု အတွေး၏ အရေးပါမှု  စာအုပ်ဖြင့်  စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။

မဘိမ်းမြို့၌ (၁ဝ၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်နေ့ တွင်ကျရောက်မည့် (၁ဝ၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁ဝ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။

လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) ဉာဏ်စမ်းပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာလုံးပေါင်းသတ်ပုံ ရွေးချယ်ပြိုင်ပွဲပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယနေ့နံနက် (၉) နာရီအချိန်က ရွှေဧရာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများအား ဖိတ်ခေါ်၍ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် (အကြို) ဉာဏ်စမ်းပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာလုံးပေါင်းသတ်ပုံရွေးချယ်ပြိုင်ပွဲပြုလုပ်ခဲ့သည်။

ရသေ့တောင်မြို့ ပြည်သူ့စာကြည့်တိုက် မြေစိုက်နံရံကပ်တွင် အလုပ်လျှောက်လွှာကြော်ငြာစာများအား ပြသထားရှိ

ရခိုင်ပြည်နယ်၊ စစ်‌တွေခရိုင်၊ရ‌သေ့တောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနရှိ  မြေစိုက်နံရံကပ်တွင် အလုပ်လျှောက်လွှာကြော်ငြာစာများကို အများပြည်သူများ ဖတ်ရှုလေ့လာနိုင်ရေးအတွက်  ပြသဆောင်ရွက်ထားရှိသည်။

ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး(Talk Show)ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် နွေရာသီကာလပွင့်လင်းရာသီရောက်ပြီဖြစ်၍ ဒေသနေပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးစနစ်တကျသုံးစွဲရန် ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ အားကစားပြိုင်ပွဲနှင့်အသိပညာပေး နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသားကျောင်းသူများ ကာယ၊ဉာဏ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အားကစားပြိုင်ပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Cntre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေး (Talk Show)ဆွေးနွေးပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများ အသင်းတို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီအချိန်က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲ နေ့အကြို  အသိပညာပေးTalk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

နမ့်ဆန်မြို့ အခြေခံပညာမူလတန်းကျောင်း(ငွန်ဆိုင်း)၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး နယ်လှည့်ဟောပြောပွဲကို အခြေခံပညာမူလတန်းကျောင်း (ငွန်ဆိုင်း)၌ ယနေ့နံနက် (၁၀)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ဆီဆိုင်မြို့နယ်၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတ မြင့်မားလာစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည် ဉာဏ်သွေးထက်မြက်လာစေရန်၊ အမျိုးသားအောင်ပွဲနေ့ကို မမေ့ဘဲ အမြဲသတိရအောက်မေ့ နေစေရန် ရည်ရွယ်၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မူထက်အဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ကျောက်မဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ ကလေးစာဖတ်ခန်းတွင် ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ယမန်နေ့ညနေက ကလေးသူငယ်များ ကာယ၊ ဉာဏစွမ်းရည် တိုးတက်စေရန်အတွက် Game ပြိုင်ပွဲများကျင်းပပေးခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ