ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

မော်လမြိုင်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့  အသိပညာပေး(Talk Show)ပြုလုပ်

မော်လမြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၁၁နာရီအချိန်က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ် ခဲ့သည်။

မိုင်းငေါ့မြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာအုပ်ပြပွဲကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Center) ခန်းမတွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

ချောင်းဆုံမြို့နယ် ကွမ်သဲ(အ.ထ.က)ကျောင်းတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုနှင့် လူငယ်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ (ပြန်/ဆက်၊အား/ကာ) ဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို၊ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက်(၁၀)နာရီက ချောင်းဆုံမြို့နယ် ကွမ်သဲ(အ.ထ.က) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က အမှတ် ၉ ဖအောင်ဝဲရပ်ကွက် အလက(ခွဲ)လက်ပန်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ရသေ့တောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင်ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပပြုလုပ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် လူငယ်လူရွယ်ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့ နေ့လယ်၁၂ နာရီက ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ပန်ဆိုင်း (ကြူကုတ်)မြို့တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် နိုဝင်ဘာလ(၁၇)ရက်နေ့တွင် ကျရောက်သော (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုသောအားဖြင့် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲအား ယနေ့နံနက် (၁၁)နာရီခွဲ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို)ဟောပြောပွဲနှင့် ပြပွဲ ၊ပြိုင်ပွဲများ ပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူပေါင်းပြီး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို)ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို (CommunityCenter) ခန်းမ၌ ပြုလုပ်သည်။

သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ သဘာဝမိခင်အဖွဲ့နှင့် စာဖတ်ဝိုင်းပြုလုပ်

 ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် သဘာဝမိခင်အဖွဲ့နှင့်စာဖတ်ဝိုင်းကို ယနေ့နံနက်၁၀ နာရီက အဆိုပါအဆောက်အဦ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ သည်။

မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်းဆောင်ရွက်

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရုံးဝန်ထမ်းများမှ ယနေ့ နံနက်၁၁နာရီက ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် မြို့သစ် ရပ်ကွက်ရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ရုံးသို့သွားရောက်၍ ဝန်ထမ်းများအား စာအုပ်၊စာစောင်များ အခမဲ့ ငှားရမ်းပေးခဲ့သည်။

လိပ်သိုမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစနစ်ဖြင့် စာအုပ်စာပေများ ငှားရမ်းပေးခြင်း လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများကစာဖတ်ရှိန်မြှင့်တင်ရေးလုပ် ငန်းဆောင်ရွက်မှုတစ်ရပ်အနေဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့မွန်းတည့်(၁၂)နာရီအချိန်က လိပ်သိုမြို့ အခြေခံ ပညာ အထက်တန်းကျောင်းနားနေဆောင်တွင် ရွေ့လျားစားငှားစနစ်ဖြင့် သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ