ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ဘီးလင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ “အနာဂတ်၏ခေါင်းဆောင်မှုပညာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့တွင် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများ ပူးပေါင်း၍ စာ​ရေးဆရာဒေါက်တာအောင်ထွန်းသက်ရေးသားသည့် “အနာဂတ်၏ခေါင်းဆောင်မှုပညာ“ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

မန်တုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉နာရီခွဲအချိန်က  ဆောင်ရွက်ခဲ့သည်။

ကွမ်းလုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ကျောင်းသားလူငယ်များ အသိပညာ ဗဟုသုတကြွယ်ဝစေရန်၊ စာဖတ်စွမ်းရည်တိုးတက်လာစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ (၂)နာရီအ ချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် စာဖတ်ရှိန် မြှင့်တင်ရေး စာဖတ်ဝိုင်းကို ဒို့ကျေးရွာဂျာနယ် အတွဲ(၁၉)၊ အမှတ်(၂၃)ပါ စာရေးဆရာချစ်နိုင် ရေးသားသည့် ဆက်ဆံမှုနှင့်အောင်မြင်ရေးခေါင်းစဉ်ဖြင့် ပညာရေးဌာနနှင့်ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများ မချမ်းဘော့မြို့ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ကျောင်းသူကျောင်းသားများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် စာကြည့်တိုက်နှင့်ပိုမိုရင်းနှီးလာစေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲတို့ကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာ(Community Centre) ခန်းမ၌ ယမန်နေ့ ညနေ(၃)နာရီအချိန်က ကျောင်းသား/ကျောင်းသူများဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပခဲ့သည်။

မင်းပြားမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile library စနစ်ဖြင့် စာအုပ်၊ စာစောင်များအား အခမဲ့ငှားရမ်းပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile libraryစနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့နေ့လယ် ၁ နာရီက မြို့နယ်ဥပဒေရုံးတွင်ကျင်းပပြုလုပ်သည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးလျက်ရှိ

စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များထံသို့ Mobile Library နစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နေ့လယ် ၁၂ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနသို့ သွားရောက်၍ ငှားရမ်းပေးခဲ့ကြသည်။

မြစ်ကြီးနားမြို့တွင် ‌ဆောင်းရာသီအပန်းဖြေ ဧရာဝတီမြစ်အတွင်း အပျော်စီးရေပေါ်စက်ဘီးစီးနိုင်ပြီဖြစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဆောင်းရာသီအပန်းဖြေ ဧရာဝတီမြစ်အတွင်း၌ အပျော်စီးရေပေါ်စက်ဘီးစီးခြင်းကို ဒီဇင်ဘာ ၁၇ ရက်နေ့တွင် စည်ပင်သာယာဆိပ်အနီး ဧရာဝတီမြစ်ကမ်းမှစတင်၍ ရေလယ်ကျွန်းထိ တစ်ပျော်တစ်ပါးစီးနိုင်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။

မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးလူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ယနေ့ နံနက်ပိုင်းအချိန်က ဒို့ကျေးရွာ ဂျာနယ်အတွဲ (၁၉) ၊ အမှတ် (၁၉) စာစောင်မှ စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် “အောင်မြင်ရေး နည်းပေးသူ” ခေါင်းစဉ်ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို အလယ်တန်း ကျောင်းသား၊ ကျောင်းသူများနှင့် ကျင်းပခဲ့သည်။

ကျောက်ဖြူခရိုင်ရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ဒို့ကျေးရွာဂျာနယ် အတွဲ (၁၉) ၊ အမှတ် (၂၄) တွင် စာရေးဆရာ မောင်နှင်းဆီ ရေးသားထားသော “စကားခွန်အား” ဆောင်းပါးခေါင်းစဉ်ပါ အကြောင်းအရာများနှင့် ယနေ့ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ