မြစ်ကြီးနားမြို့တွင် ‌ဆောင်းရာသီအပန်းဖြေ ဧရာဝတီမြစ်အတွင်း အပျော်စီးရေပေါ်စက်ဘီးစီးနိုင်ပြီဖြစ်

မြစ်ကြီးနား ဒီဇင်ဘာ ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဆောင်းရာသီအပန်းဖြေ ဧရာဝတီမြစ်အတွင်း၌ အပျော်စီးရေပေါ်စက်ဘီးစီးခြင်းကို ဒီဇင်ဘာ ၁၇ ရက်နေ့တွင် စည်ပင်သာယာဆိပ်အနီး ဧရာဝတီမြစ်ကမ်းမှစတင်၍ ရေလယ်ကျွန်းထိ တစ်ပျော်တစ်ပါးစီးနိုင်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ ရေပေါ်စက်ဘီးကို ၂၀၂၀ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဒေသခံအများအပြားစိတ်ဝင်စားကာ အပျော်စီးရေပေါ်စက်ဘီးစီးသူများပြားခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့သဖြင့် ယခုနှစ်မှ ပြန်လည်ဖွင့်လှစ်နိုင်ကြောင်း Dolphin Hydro Bike (floating bicycle) ပိုင်ရှင်ဦးဆိုင်းခွန်က ယခုလိုရှင်းပြခဲ့ပါတယ်။

အပျော်စီးရေပေါ်စက်ဘီး(၃၀)စီးထားရှိပြီး ငှားရမ်းဆောင်ရွက်သွားမည်ဖြစ်ကာ တစ်ယောက်စီးစက်ဘီးအတွက် မိနစ် ၃၀ လျှင် ငွေကျပ် ၃၀၀၀ နှုန်း၊ နှစ်ယောက်စီးစက်ဘီးအတွက် မိနစ် ၃၀ လျှင် ငွေကျပ် ၅၀၀၀ ကျသင့်မည်ဖြစ်ကြောင်း သိရှိရပါတယ်။

ပြည်နယ် (ပြန်/ဆက်)