ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ရသေ့တောင်မြို၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ရသေ့တောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက အထက(၁)ကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့‌သည်။

လိပ်သိုမြို့၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် မူလတန်းအဆင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို ယနေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို လူငယ်ရေးရာ ဟောပြောပွဲနှင့် စွမ်းရည်ပြိုင်ပွဲများကျင်းပ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေး ဌာနတို့ပူးပေါင်း၍ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို လူငယ်ရေးရာဟောပြောပွဲနှင့် စွမ်းရည်ပြိုင်ပွဲများ နယ်လှည့်ကွင်းဆင်း‌ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အမှတ် (၂) အခြေခံပညာမူလတန်းလွန်ကျောင်း (မြောက်ပိုင်း) ၌ ကျင်းပခဲ့သည်။

ချောင်းဆုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ပြည်သူလုထုအတွင်း စားသုံးနေသည့် အစားအစာများဘေးဥပါဒ်ကင်းရှင်းစေရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ် စားသုံးသူများ၏ အခွင့်အရေးအပြည့်အဝ ရရှိစေရန် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မော်လမြိုင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး ချောင်းဆုံမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့မွန်းလွဲ(၁)နာရီအချိန်က စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show) ကျင်းပခဲ့သည်။

ရသေ့တောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် လူငယ်လူရွယ်ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နေ့လယ် ၁ နာရီအချိန်က ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

သံခရိုင်၊ ငပလီမြို့၌ (၇၆)နှစ်မြောက်​​ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

သံတွဲခရိုင်၊ ငပလီမြို့တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက အ.ထ.က ငပလီ အခြေခံပညာအထက်တန်းကျောင်း၊ အ.လ.က ဇီးဖြူကုန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ကေ့ာကရိတ်မြို့၌(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟု သုတများရရှိစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ခရိုင်လူထုအခြေပြုဗဟိုဌာန၌ (၇၆)နှစ် မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ကျင်းပပြုလုပ်ခဲ့သည်။

ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပူးပေါင်း၍ မူလွန် (ငါးမျက်နှာ)ကျောင်းသို့ အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပူးပေါင်း၍ မူလွန် (ငါးမျက်နှာ)ကျောင်းသို့ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ဟောပြောခဲ့ကြောင်း သိရသည်။

စုကလိမြို့တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အသိပညာပေး ဟောပြောပွဲနှင့် ဆုပေးပွဲ ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးအနေဖြင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ၇၆ နှစ်​မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုပေးအပ်ပွဲအား ယနေ့နံနက်ပိုင်းအချိန်တွင် စုကလိမြို့ ပြည်သူ့စာကြည့်တိုက်လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ် အမှတ်(၁)အ-ထ-ကကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ကျင်းပသောလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ