ကွတ်ခိုင်မြို့တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေခဲ့သည့် ၂၀၂၃ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့တွင် ယနေ့ နံနက်(၁၀)နာရီ အချိန်က ကွတ်ခိုင်မြို့ အမှတ်(၂)ရပ်ကွတ် သာသနာ့ရိပ်သာကျောင်းနှင့် မြို့မဈေးတို့တွင် ဖြန့်ဝေခဲ့ပါသည်။