ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ရှမ်းရွာသစ်မြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ (Book Club) အသင်းနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာညီညီနိုင်ရေးသားသော "လူဆိုတဲ့လူ အစွမ်းအစရှိတဲ့လူ"စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်၌ လူငယ်များသိသင့်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း  လူငယ်လူရွယ်များ ယာဉ်အန္တရာယ် ကင်းရှင်းပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာတတ်စေရန် ရည်ရွယ်၍ ယနေ့မနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ လူငယ်များသိသင့်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း အသိပညာပေးဟောပြောပွဲနှင့် ပြပွဲကို ကျင်းပပြုလုပ်ရာ လူငယ်လူရွယ်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် FREC နွေရာသီအင်္ဂလိပ်စကားပြောသင်တန်း တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများ အပါအဝင် စုစုပေါင်း ၅၈ ဦး တက်ရောက်ခဲ့ကြသည်။

ကာလိမြို့၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်(အကြို) သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၉) နာရီအချိန်က ကာလိမြို့ မြို့မဈေးနှင့် ပြည်ထောင်စုလမ်းမကြီးတလျှောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ပန်းချီနှင့် စစ်တုရင်သင်တန်းဖွင့်ပွဲ ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိရေးအတွက် အစဉ်ကြိုးစားဆောင်ရွက်လျက်ရှိရာ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ပန်းချီနှင့် စစ်တုရင်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

မာန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၈)နှစ်မြောက်​တပ်မတော်နေ့ အထိမ်းအမှတ် (အကြို) အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်(အကြို) အလယ်တန်းအဆင့် ပန်းချီဆွဲပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက အဆိုပါလူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က စာအုပ်/စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “လူငယ်ဆိုတာလန်းရမယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။

ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ နွေရာသီအခြေခံအင်္ဂလိပ်စာ (အခမဲ့) သင်တန်းဖွင့်လှစ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီအခြေခံအင်္ဂလိပ်စာ (အခမဲ့) သင်တန်းကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ပြသသည်။

တနိုင်းမြို့ တောင်တန်းသာသနာပြုမြို့မကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို မတ်လ ၂၀ ရက် နံနက် (၁၀) နာရီက တောင်တန်းသာသနာပြု မြို့မကျောင်း၌ ကျင်းပခဲ့သည်။

ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး ခေါင်းစဥ်ဖြင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ယနေ့ နံနက် ၉ နာရီအချိန်က ရေစကြိုမြို့ နေပြည်သူများနှင့် လုပ်ငန်းရှင်များ၊ စားသောက်ဆိုင်များ၊ လ္ဘက်ရည်ဆိုင်များ၊ ဈေးဆိုင်များ သိရှိစေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေးခေါင်းစဉ်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဌာနမှ ဝန်ထမ်းများက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းဆပ်ကော်မတီက ဦးစီးထုတ်ဝေသည့် ဖန်ခါးမြေ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေသည်။

ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဉာဏစွမ်းရည် ဂိမ်းပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၁ နာရီအချိန်က ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ