ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ဖား​ဆောင်းမြို့နယ်၌ (၇၈)နှစ်​မြောက် တပ်မ​တော်​နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာ​စောင်များအခမဲ့ဖြန့်​ဝေ

 ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှဝန်ထမ်းများက ၂၀၂၃ခုနှစ်၊ မတ်လ(၂၇)ရက်​​နေ့တွင် ကျ​ရောက်မည့်(၇၈)နှစ်​မြောက် တပ်မ​တော်​နေ့ အထိမ်းအမှတ်အကြိုအဖြစ် (၇၈)နှစ်​မြောက် တပ်မ​တော်​နေ့သတင်း စကားလက်ကမ်းစာ​စောင်များကို ယ​နေ့နံနက်က တပ်ရပ်တပ်ဖွဲ့များ၊ ဌာနဆိုင်ရာရုံးများ၊မြို့​ပေါ်ရပ်ကွက်ရှိပြည်သူများ လက်ဝယ်သို့အ​ရောက် အခမဲ့လိုက်လံဖြန့်​ဝေ​ပေးခဲ့​ကြောင်း သိရသည်။

မိုင်းပန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စုကလိမြို့တွင် ၇၈ နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်

မြန်မာနိုင်ငံ၏ နေ့ထူးရက်မြတ် တစ်ရက်ဖြစ်ပြီး မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် ၇၈ နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး Talk show အား ယနေ့နံနက်ပိုင်းအချိန်က ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

တောင်ကုတ်မြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံးမှကြီးမှူး၍ လူငယ်များအသိပညာမြင့်မားရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းက NOBLE International Pre–School & Learning Centre တွင် ကျင်းပခဲ့ကြောင်း သိရသည်။

လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး Talk Show ဆွေးနွေးပွဲကျင်းပ

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက် ပြည်သူများအနေဖြင့် သိသင့်သိထိုက်သည်များအား လေ့လာမှတ်သား သိရှိနားလည်နိုင်စေရေး အမျိုးသမီးများ၏ ရပိုင်ခွင့်အခွင့်အရေးများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိလာနိုင်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Talk Show ဆွေးနွေးပွဲပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ကေ့ာကရိတ်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင်၊ ကေ့ာကရိတ်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလများတွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အကူဖြစ်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ကျိန္တလီမြို့၌ လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လည် ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပြုလုပ်ခဲ့သည်။

ရသေ့တောင်မြို့နယ် Community Centre ခန်းမ၌ စာအုပ်ပြပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့နေ့လယ် (၁)နာရီအချိန်က စာအုပ်ပြပွဲကို ကျင်းပပြလုပ်ခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နေ့လည် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပန်းချီပြိုင်ပွဲ ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)၌ ယမန်နေ့နံနက်ပိုင်းက ပန်းချီပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ