သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံအင်္ဂလိပ်စာနှင့် ပန်းချီသင်တန်းဆင်းပွဲကျင်းပ
မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျောင်းသား ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးရည်ရွယ်ဖွင့်လှစ်ခဲ့သည့် အခြေခံအင်္ဂလိပ်စာနှင့် ပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်က အဆိုပါခန်းမ၌ ကျင်းပခဲ့သည်။