ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

မန်ကန်မြို့နယ်တွင် အမျိုးသမီးများအဖွဲ့ (Woman Club)လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်တွင် အမျိုးသမီးများအဖွဲ့ (Woman Club) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာ(Community Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။

သီပေါမြို့၌ ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ် ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် (၁၀)နာရီက ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show )ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျိုင်းတုံမြို့၌ စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စာဖတ်ဝိုင်းဆွေနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

ကျောက်တော်မြို့၌ မုန်တိုင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေး (Talk Show) ပြုလုပ် ဆောင်ရွက်

ရခိုင်ပြည်နယ်၊‌ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း၌  မုန်တိုင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေး(Talk Show) ကိုယနေ့ နံနက်  ၁၀ နာရီအချိန်က အဆိုပါခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

သီပေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများနှင့် မြို့ပေါ် ရပ်ကွက်များသို့ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်၌ ၂၀၂၂/၂၀၂၃ ပညာသင်နှစ် အ‌ခြေခံပညာ အောင်စာရင်းများထုတ်ပြန်

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် အခြေခံပညာရေးဦးစီးဌာနမှ ၂၀၂၂/၂၀၂၃ ပညာသင်နှစ် အောင်စာရင်း ထုတ်ပြန်ချက်အား ဧပြီ ၂၇ ရက် နံနက်ပိုင်းက သက်ဆိုင်ရာကျောင်းများ၌ ထုတ်ပြန်ခဲ့သည်။

ကျိုက်ထိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ (အခမဲ့) ငှားရမ်းပေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကော့စံနိုင်ရပ်ကွက်၊ ဘောဂနာပိုင်းသို့ သွားရောက်ကာ(အခမဲ့)စာအုပ် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မိုင်းရယ်၌ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်မားစေရေးအတွက် လစဉ်အစည်းအဝေးပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်မားစေရေးအတွက် လစဉ် ပုံမှန်အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုခန်းမ၌ ပြလုပ်သည်။

တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဉာဏ်စမ်းပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် နွေရာသီကျောင်း ပိတ်ရက်ရှည်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍

သထုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ဆက်လက်ထိုးနှံပေး

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လေးကြိမ်ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသူများအား ပဉ္စမအကြိမ် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယနေ့ နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ