မိုင်းရယ်၌ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်မားစေရေးအတွက် လစဉ်အစည်းအဝေးပြုလုပ်

မိုင်းရယ် ဧပြီ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်မားစေရေးအတွက် လစဉ် ပုံမှန်အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုခန်းမ၌ ပြလုပ်သည်။

မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မာလာက ဝန်ထမ်းများ နေ့အလိုက် တာဝန်ချုထားမှု အခြေအနေများ၊ ရာထူးအလိုက် အလုပ်တာဝန်များ ခွဲဝေချထားများအပေါ် ပြန်လည်ဆန်းစစ်ခြင်း၊ လုပ်ငန်းလျာထားချက်အလိုက် ပြည့်မှီစွာဆောင်ရွက်နိုင်ရေးနှင့် စာဖတ်၊ စာငှားစာရင်းများ ကိုက်ညီမှုရှိစေရေးအတွက် စနစ်တကျ ဆောင်ရွက်ထားရှိရေးတို့ကို ဆွေးနွေးမှာကြားသည်။

ထို့နောက် တက်ရောက်ကြသည့် ဝန်ထမ်းများက အထွေထွေးဆွေးနွေးတင်ပြကြရာ မြို့နယ်ဦးစီးအရာရှိက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

မိုင်းရယ်ပြန်/ဆက်