ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ကျိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့တွင် စာဖတ်ဝိုင်း ပြုလုပ်သည်။

မိုင်းယန်းမြို့၌ နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုဖြင့် သုတ၊ ရသ စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ပြည်သူ့စာကြည့်တိုက်ဝန်ဆောင်မှုဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားရရှိစေရန်အတွက် ယနေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များရှိ ဌာနဆိုင်ရာရုံးများသို့ သုတ၊ ရသစာအုပ်စာစောင်များ လှည့်လည်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မိုင်းငေါ့မြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များကို မြို့‌ပေါ်ရပ်ကွက်နှင့် ဌာနဆိုင်ရာရုံးများသို့ သွားရောက်ငှားရမ်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်း‌ငေါ့မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ စာပေဖတ်ရှုမှု အဆင်ပြေစေရန် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက တိုက်နယ်ကျန်းမာရေးဌာနသို့သွားရောက် ငှားရမ်းပေးခဲ့သည်။

သီပေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်များသို့ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန၌ ခေတ်တံခါး ခေတ်စကားစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ ချစ်စံဝင်း ရေးသားသည့် ခေတ်တံခါး ခေတ်စကား စာအုပ်ဖြင့် ယနေ့မွန်းလွဲ ၁ နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

တနိုင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပန်းအလှထိုးနည်းသင်တန်းဆင်းပွဲ ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မေလ ၂၅ ရက် မွန်းလွဲ (၁) နာရီက ပန်းအလှ ထိုးနည်းသင်တန်း ဆင်းပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

ကွမ်းလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၁)နာရီ အချိန်က စာအုပ်စာပေချစ်မြတ်နိုးသူများအဖွဲ့မှ ဒို့ကျေးရွာ ဂျာနယ်အတွဲ(၂၀) အမှတ် (၁၀)ပါ စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားထားသည့် ကျေးဇူးရှိလျက်အဆပ်ခက်ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းအားပြုလုပ်ခဲ့ကြသည်။

မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ရိုက်ကူးထုတ်လွှင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာရေးအသိပညာ (Talk Show) ရိုက်ကူးခြင်းကို မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်းနေ့ မွန်းလွဲပိုင်းအချိန်က ရိုက်ကူးခဲ့သည်။

ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ​ လူငယ်ရေးရာ ဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန​ ပြည်သူ့စာကြည့်တိုက်၌ “ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ​လူငယ်ရေးရာဟောပြောပွဲ” ကို ယနေ့နံနက်ပိုင်းက အဆိုပါ စာ​ကြည့်တိုက်၌ ဆောင်ရွက်ခဲ့သည်။

မယ်စဲ့မြို့နယ် စိတ်ဓာတ်ကျရင် ဖတ်ကြည့်ပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးများအသင်း (Women Club) တို့ပူးပေါင်း၍ စာရေးဆရာ ကောင်းပြည့်သော် ရေးသားသည့် စိတ်ဓာတ်ကျရင် ဖတ်ကြည့်ပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ