ဝေါမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်းပေး
ဝေါမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းခဲ့ကြသည်။