ရခိုင်ပြည်နယ်

နည်းပညာတက္ကသိုလ်(စစ်တွေ)၌ (၁၈)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ် (စစ်တွေ)၏ (၁၈)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တက္ကသိုလ်ဘက်စုံသုံးအားကစားခန်းမ၌ ကျင်းပသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄)ကို ယမန်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

မာန်အောင်မြို့နယ်တွင်၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် အခမ်းအနားကို ဇန်နဝါရီလ ၁၉ ရက်နေ့နံနက် ၁၁ နာရီခွဲက အ-ထ-က (မာန်အောင်) အောင်ဇေယျာခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

တောင်ကုတ်မြို့၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး ပန်းချီပြပွဲပြုလုပ်

တောင်ကုတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးပန်းချီပြပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပြုလုပ်သည်။

ငပလီမြို့၌ စာဖတ်ရှိန် မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊စာစောင်များ အခမဲ့ငှားရမ်းပေး

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင်၊ ငပလီမြို့တွင် စာဖတ်ရှိန် မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၁၁း၀၀) နာရီအချိန်က ငပလီမြို့ စည်ပင်ရုံးနှင့် စိုက်ပျိုးရေးရုံးဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးပန်းချီပြိုင်ပွဲကျင်းပ

တောင်ကုတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး ပန်းချီပြိုင်ပွဲကို ယမန် နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း စုပေါင်းခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။

ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြည်ထောင်စုနေ့အကြို စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်း အနား ကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ပြည်ထောင်စုနေ့အကြို စာစီ စာကုံးပြိုင်ပွဲနှင့် ဆုချီး မြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အမ်းမြို့၌ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်း (၁၇၄ ပေ - ၃၂ ပေ) ၃ထပ် RCC ကျောင်းဆောင်သစ်နှင့် ရေသန့်စက် ဆောက်လုပ်ပြီး စီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်း (၁၇၄ ပေ - ၃၂ ပေ) ၃ထပ် RCC ကျောင်းဆောင်သစ်နှင့် ရခိုင်ပြည် နယ်အစိုးရအဖွဲ့မှ ခွင့်ပြု ချထားငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ရေသန့်စက် ဆောက်လုပ်ပြီးစီးမှုအခြေအနေအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်တည်ကော်အဖွဲ့တို့က ယမန်နေ့နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ နန္ဒာရာမဆရာတော်ကြီးအားဖူးမြော်၊ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေးနေမှု ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးအားဖူးမြော်ပြီး စစ်တွေမြို့၊ အမှတ်(၄) အခြေခံပညာအထက် တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးကြသည်။

တောင်ကုတ်မြို့ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် ကျင်းပ

တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်က ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 
Subscribe to ရခိုင်ပြည်နယ်