တောင်ကုတ် ဇန်နဝါရီ ၂၀
တောင်ကုတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးပန်းချီပြပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပြုလုပ်သည်။
အဆိုပါ ပန်းချီပြပွဲတွင် အခြေခံပညာအလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူ (၄၃)ဦးနှင့် အထက်တန်းအဆင့် ပြိုင်ပွဲဝင် (၁၇) ဦးတို့၏ ပြိုင်ပွဲဝင် ပန်းချီကားများနှင့် ဆုရရှိကြသည့် ပန်းချီကားများကို ပြသထားရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါ်တင်တင်ဦးနှင့်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းသားက စိတ်ဝင်စားစွာ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်