ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် လစ်လပ်လျက်ရှိသည့် ရာထူးနေရာများအတွက် အရည်အချင်းစစ် စာမေးပွဲများ ပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် လစ်လပ်လျက်ရှိသည့် ရာထူးနေရာများအတွက် အရည်အချင်းစစ် စာမေးပွဲများကို ဇန်နဝါရီ ၂၆ ရက်နေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမအတွင်း ပြုလုပ်ခဲ့သည်။

ကျိန္တလီမြို့တွင်(၂၀၂၃-၂၀၂၄)ပညာသင်နှစ်၊ အတန်းဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲ အေးချမ်းစွာ စတင်ဖြေဆို

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့အတွင်းရှိ အခြေခံကျောင်းများတွင်(၂၀၂၃-၂၀၂၄)ပညာသင်နှစ်၊ အတန်းဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲကို ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဂွမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အတန်းဆုံးစာမေးပွဲကိုကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ဖြေဆိုနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက်အတန်းဆုံးစာမေးပွဲအား သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများအလိုက် ကျင်းပပြုလုပ်လျက်ရှိရာယနေ့ ယနေ့နံနက်ပိုင်းက စတင်ကာ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာဖြင့် စတင်ဖြေဆိုနေမှုကိုမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း စစ်တွေမြို့ပေါ်ရှိ ဆရာတော်ကြီးများအားဖူးမြော်၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ဆရာတော်ကြီးများအား သွားရောက်ဖူးမြော်ပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)၌ (၁၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)၏ (၁၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပသည်။

ကျိန္တလီမြို့ အ.မ.က (စံပြ)ကျောင်းတွင် ပညာရေးစုံညီပွဲတော်ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ အ.မ.က(စံပြ)ကျောင်းတွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

သံတွဲခရိုင်​ခရီးစဉ်​ ဒေသစီမံခန့်​ခွဲ​ရေးအဖွဲ့ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်​၊ ခရီးစဉ်​ဒေသစီမံခန့်​ခွဲ​ရေးအဖွဲ့ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သံတွဲခရိုင်​ ခရီးစဉ်​ဒေသစီမံခန့်​ခွဲ​ရေးနှင့် ငပလီဟိုတယ်ဇုန်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ရှိ ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှု၊ ဟင်းသီးဟင်းရွက်များစိုက်ပျိုး ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှုပြီး ဟင်းသီးဟင်းရွက်များစိုက်ပျိုး ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေးကြသည်။

အ.ထ.က(ခွဲ)ငကျော်တောင်ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုချီးမြှင့်ပွဲကျင်းပ

ရခိုင်ပြည်နည်၊ သံတွဲမြို့၊ အ.ထ.က(ခွဲ)ငကျော်တောင်ကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်သည်။

အ.ထ.က (ကျိန္တလီ) ကျောင်းတွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက အ.ထ.က (ကျိန္တလီ)ကျောင်းတွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြသည်။
Subscribe to ရခိုင်ပြည်နယ်