ရခိုင်ပြည်နယ်

အမ်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဗဟုသုတမျှဝေခြင်း အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမ်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက်(၁၁)နာရီက စာပေဗဟုသုတမျှဝေခြင်း အသိပညာပေးဟောပြောပွဲနှင့် ဒို့ကျေးရွာဂျာနယ် အတွဲ(၁၉)အမှတ်(၂၃) မှ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် ဆက်ဆံမှုနှင့် အောင်မြင်ရေး ဆောင်းပါးဖြင့် စာဖတ်ဝိုင်း ကျင်းပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်ခြောက်လအထက်ငါးနှစ်အောက် ကလေးသူငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အသက်ခြောက်လအထက်ငါးနှစ်အောက် ကလေးသူငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့မအရှေ့ရပ်ကွက် ညောင်ပင်လှရွာတွင် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စုရပ်နေရာတွင် လိုက်လံတိုက်ကျွေးပေးခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြသမှုကြည့်ရှုစစ်ဆေး

မီးသတ်တပ်ဖွဲ့ဝင်များ၏ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးသရုပ်ပြသမှုကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနရုံးရှေ့၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တော ခရိုင်ရုံးမှ ဝန်ထမ်းများက “နိုင်ငံ့ဝန်ထမ်းနည်းဉပဒေများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌  အသက်ခြောက်လအထက်ငါးနှစ်အောက် ကလေးသူငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အသက်ခြောက်လအထက်ငါးနှစ်အောက် ကလေးသူငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့မအရှေ့ရပ်ကွက် ညောင်ပင်လှရွာတွင် ကျန်းမာရေးဝန်ထမ်းများက  သတ်မှတ်စုရပ်နေရာတွင် လိုက်လံတိုက်ကျွေးပေးခဲ့ကြသည်။  

သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၄ /၂၀၂၄)ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခရိုင်အ​ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဖြူမြို့တွင် (အဋ္ဌမအကြိမ်မြောက်) ရက္ခပူရသာသနာလင်္ကာရ စာမေးပွဲ ကျင်းပပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ ယပ်လှဲကျောင်း ပရိယတ္တိစာသင်တိုက်တွင် (အဋ္ဌမအကြိမ်မြောက်) ရက္ခပူရသာသနာလင်္ကာရ စာမေးပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ အဆိုပါကျောင်းတိုက်တွင် ပြုလုပ်ကျင်းပလျက်ရှိရာ မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းတိုက် အသီးသီးမှ စာဖြေသံဃာတော်များမှ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်​မြှင့်တင်ရေး စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးနှင့်ဆယ်ကျော် သက်အရွယ်လူငယ်များ စာဖတ်ခြင်းစာအုပ်ဖြင့် စာဖတ်ရှိန် မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့ နေ့လယ်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဖြူမြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဖူဆယ်အမျိုးသားဗိုလ်လုပွဲနှင့်  အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ ကျင်းပ

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ဖြူခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ဖူဆယ်အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကျောက်ဖြူမြို့၊ မြို့မအားကစားဘောလုံးကွင်းတွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်သည်။
Subscribe to ရခိုင်ပြည်နယ်