ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သူနာပြုနှင့်သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၊ လူသုံးကုန်နှင့် တည်ဆောက်ရေးပစ္စည်းများရောက်ရှိလာမှု ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(စစ်တွေ) အစည်းအဝေးခန်းမ၌ သူနာပြုနှင့်သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံပြီး စစ်တွေမြို့ဘက်စုံသုံးဆိပ်ကမ်းတွင် ရန်ကုန်မြို့မှ လူသုံးကုန်ပစ္စည်းနှင့် တည်ဆောက်ရေးပစ္စည်းများ ရောက်ရှိလာမှု ကြည့်ရှုစစ်ဆေးကြသည်။

ကျိန္တလီမြို့တွင်(၂၀၂၃-၂၀၂၄)ပညာသင်နှစ် Grade-5၊ Grade-9 အတန်းဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲ ဖြေဆိုနေမှုအား ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင်(၂၀၂၃-၂၀၂၄) ပညာသင်နှစ်၊ Grade-5၊ Grade-9 အတန်းဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲကို ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို မြို့အုပ်ချုပ်ရေးအဖွဲ့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံပညာကျောင်းများတွင် Grade-5 နှင့် Grade-9 သင်ရိုးသစ်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာဖြင့် ဖြေဆိုလျက်ရှိ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများတွင် ၂၀၂၃- ၂၀၂၄  ပညာသင်နှစ် (Grade-5)နှင့်(Grade-9) သင်ရိုးသစ်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့ နံနက် ၉ အချိန်သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းများ တွင် စတင်ဖြေဆိုလျက်ရှိသည်။

ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ အပတ်စဉ် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ပင်စင်အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌  မြန်မာ့စီပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစားဝန်ထမ်းများကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ ပင်စင်လစာများကို စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အမ်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခြေခံငွေစာရင်းရေးဆွဲနည်း သင်တန်းဖွင့်လှစ်ပို့ချ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဦးစီးအရာရှိ ဦးစန်းဝင်း ဦးဆောင်၍ မြို့နယ်ရုံးဝန်ထမ်းများအား လုပ်ငန်းကျွမ်းကျင်မှုရှိစေရန် အခြေခံငွေစာရင်းရေးဆွဲနည်းသင်တန်းကို ယမန်နေ့ နေ့လယ်ပိုင်းက စတင်၍ ဖွင့်လှစ်ပို့ချလျက်ရှိသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ စံပြရွာရပ်ကွက်အတွင်းရှိ အသက်ခြောက်လအထက်ငါးနှစ်အောက် ကလေးသူငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ စံပြရွာရပ်ကွက်အတွင်းရှိ အသက်ခြောက်လ အထက် ငါးနှစ်အောက် ကလေးသူငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စုရပ်နေရာတွင် လိုက်လံတိုက်ကျွေးပေး ခဲ့ကြသည်။ 

ဂွမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေလေ့လာဖတ်ရှုမှုများ တိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်‌ရေးအဖြစ် ယမန်နေ့ နေ့လယ်ပိုင်းက ဌာနဆိုင်ရာရုံးများသို့သွားရောက်ပြီး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ် ဆောင်ရွက်ခဲ့ကြ‌သည်။

ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်သည့် အလေ့အထ ရရှိစေရန်၊ စာပေကို ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အသိပညာ ဗဟုသုတများ မျှဝေတတ်စေရန် ရည်ရွယ်၍ စာရေးဆရာ မောင်ကျေးဇူး၏ ဘဝနေတတ်မှုအနုပညာစာအုပ်ဖြင့် ယနေ့ နေ့လည်ပိုင်း အချိန်က Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ဂွမြို့နယ်တွင် Grade-5၊ Grade-9 စာမေးပွဲဖြေဆိုနိုင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်း အဝေး ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ Grade-5၊ Grade-9 စာမေးပွဲဖြေဆိုနိုင်ရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းက အ.ထ.က(ဂွ) ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်