ရခိုင်ပြည်နယ်

ကျောက်ဖြူခရိုင်ရုံး (Community Centre) ခန်းမ၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်ရေးရာအသိပညာပေးဟောပြော

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နေ့လယ်ပိုင်းက လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။

ဂွမြို့နယ်တွင်  အစိုးရပါဠိပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် (၂၇)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲ (ကြီး၊လတ်၊ငယ်၊မှု) အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား ဆုချီးမြှင့်သည့် စူဠဘွဲ့နှင်းသဘင်အခမ်အနားကို ယနေ့နံနက် ၈ နာရီအချိန်က သိမ်ကုန်းစေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမ္မာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သံတွဲမြို့ခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်ဥဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက သံတွဲခရိုင်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအားကွင်း ဆင်းဆောင်ရွက်ကြသည်။

ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်း ဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နေ့လယ်ပိုင်းအချိန်က လျှပ်စစ်ရုံးမှ ဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့သည်။

ကျောက်ဖြူမြို့၌ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေနိုင်ရန် ဌာနဆိုင်ရာယိမ်းအဖွဲ့များ အကတိုက်လေ့ကျင့်

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ရိုးရာအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ သင်္ကြန်ပွဲတော်ကာလအတွင်း သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေနိုင်ရန်အတွက် ဌာနဆိုင်ရာယိမ်းအဖွဲ့များမှာ မတ်လနောက်ဆုံးအပတ်မှစ၍ သက်ဆိုင်ရာစုရပ်နေရာအသီးသီးတွင် အကတိုက်လေ့ကျင့်လျက်ရှိသည်။

အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)၌ ကျောက်ဖြူအထူးစီးပွားရေးဇုန်ဆိုင်ရာ ကျွမ်းကျင်မှုအခြေပြုကာလတိုသင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ဒေသခံလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊  အစိုးရ နည်းပညာကောလိပ်(ကျောက်ဖြူ)နှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တို့ပူးပေါင်းကာ  ကျောက်ဖြူ အထူးစီးပွားရေးဇုန်ဆိုင်ရာ ကျွမ်းကျင်မှုအခြေပြုကာလတိုသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက အဆိုပါနည်းပညာကောလိပ်ရှိ စုဝေးဆောင်၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အစိုးရနည်းပညာကောလိပ် (ကျောက်ဖြူ)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနား တက်ရောက်

ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ “ကလေးနှင့် ဆယ်ကျော်သက်အရွယ် လူငယ်များအတွက် စာဖတ်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “ကလေးနှင့် ဆယ်ကျော်သက်အရွယ် လူငယ်များအတွက် စာဖတ်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

သံတွဲမြို့၌ အစိုးရပါဠိ ပထမပြန်စာမေးပွဲတတိယနေ့ဖြေဆိုလျက်ရှိ

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကို သာသနာ့ဗိမာန်တော်တွင် ယနေ့မွန်းတည့်(၁၂)နာရီက တတိယနေ့အဖြစ် ကျင်းပဆောင်ရွက် လျက်ရှိ သည်။

မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ဝန်ထမ်းများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ ၂၀၁၃ ခုနှစ်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနည်းဥပဒေများ၊ ၂၀၁၅ ခုနှစ်စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်