ရခိုင်ပြည်နယ်

ပေါက်တောမြို့၌ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား U-25 ရပ်ကွက် ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပမည်

ပေါက်တောမြို့၌ ၂၀၂၃ ခုနှစ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား U-25 ရပ်ကွက် ကလပ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို အပြည့်အဝအထောက်အကူပြုစေရန်၊ အားကစားပွဲတော်မှ ထွက်ပေါ်လာမည့်ထူးချွန် အား ကစားသမားများမှသည် နိုင်ငံတော်အတွက်အားထားရသော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ပေါက်တောမြို့ရှိ  ပေါက်တောရွှေမြေအားကစားကွင်း၌ ဖေဖော်ဝါရီ ၂၅ ရက်တွင်စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးမြမင်းထွန်းထံမှ သိရသည်။

အမ်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လုပ်ငန်းညှိနိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

မာန်အောင်မြို့ မြို့မစည်ပင်သာယာဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြပွဲဆောင်ရွက်

ရခိုင်ပြည်နယ် မာန်အောင်မြို့ မြို့မစည်ပင်သာယာဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးရည်ရွယ်ချက်ဖြင့် မီးငြှိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က အဆိုပါ မြို့မစည်ပင်သာယာဈေးရှိ ဈေးဆိုင်များ၊ ဈေးရုံတန်းများ အနီးတွင် ဆောင်ရွက်ခဲ့သည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား စတင်ထုတ်ပေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများ ယမန်နေ့ မွန်းလွှဲ ၁၂  နာရီမှ နေ့လယ် ၃ နာရီအထိ သက်ဆိုင်ရာ  စာစစ်ဌာနတွင် ထုတ်ပေးနေပြီ‌ဖြစ်‌ကြောင်း သိရသည်။ 

ကျောက်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအားယမန်နေ့မှစတင်ကာ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နေ့လယ်ပိုင်းက သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မာန်အောင်မြို့နယ်၌ အခြေခံပညာမူလတန်းအဆင့်Grade-5နှင့်အလယ်တန်းအဆင့်Grade-9ကျောင်း သား/ သူများနှစ်ဆုံးစာမေးပွဲစာစစ်ဌာနအလိုက်စတင်ဖြေဆို

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်Grade-5(သင်ရိုးသစ်)ခရိုင်စစ်စာမေးပွဲနှင့် အခြေခံပညာအလယ်တန်းGrade-9(သင်ရိုးဟောင်း) ပြည်နယ်စစ်စာမေးပွဲကို ယနေ့နံနက်၉နာရီတွင်  စာစစ်ဌာနအလိုက် စတင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (Grade-5)နှင့် (Grade-9) ကျောင်းသား ကျောင်းသူများ နောက်ဆုံးနှစ်ဝက်စာမေးပွဲစတင်ဖြေဆို

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်၊ (Grade-5)နှင့် (Grade-9) ကျောင်းသား ကျောင်းသူများ နောက်ဆုံးနှစ်ဝက်စာမေးပွဲများကို ယနေ့နံနက် ၉ နာရီမှစတင်ကာ သက်ဆိုင်ရာကျောင်းများတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းတည့်(၁၂)နာရီက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် (Talk Show) ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

ကျိန္တလီမြို့ (Community Centre)ခန်းမတွင် အုန်းသီးရိုက်ပြိုင်ပွဲနှင့် ဘောလုံးလက်ဆင့်ကမ်း ပြိုင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ အုန်းသီးရိုက်ပြိုင်ပွဲနှင့် ဘောလုံးလက်ဆင့်ကမ်းပြိုင်ပွဲကိုယနေ့ မွန်းလွဲ ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်