တောင်ကုတ်မြို့နယ်၌ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့်တည်ဆောက်လျက်ရှိသော တရဘ-ဂိုင်ထောင့်- ဇမ္ဗူရစ်လမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားတည်ဆောက်နေမှုအားစစ်ဆေး
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် တရဘ-ဂိုင်ထောင့်-ဇမ္ဗရာဇ်ကျေးရွာချင်းဆက်လမ်းပေါ်၌ တည်ဆောက်လျက်ရှိ သံကူကွန်ကရစ်တံထားတည်ဆောက်နေမှုအား ယမန်နေ့ကရခိုင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး(မြို့ပြ)ဦးဝင်းမြင့်ဟန်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။