ရခိုင်ပြည်နယ်

ရသေ့တောင်မြို့၌ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ရှင်းလင်းဆောင်ရွက်မှုများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်များအား စနစ်တကျ သိမ်းဆည်း

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ မိုခါမုန်တိုင်းမှာ အားအလွန်ပြင်းသဖြင့် ထိခိုက်ပျက်စီးမှုများခဲ့ပြီး၊ မုန်တိုင်းကြောင့် မြို့ပေါ်တွင်လည်း အပျက်အစီးများခဲ့ရာ ပဲခူးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှ လမ်းအလိုက်သစ်ပင်၊ သစ်ခတ်များ ခုတ်လှဲဖယ်ရှားခြင်းများဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ကြပြီး ကျန်ရှိခဲ့သည့် အမှိုက်သရိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်မအေးသန်း ဦးဆောင်၍ စည်ပင်ဝန်ထမ်းများမှ အမှိုက်များအား စနစ်တကျ ကားကြီးများဖြင့် ဖယ်ရှားဆောင်ရွက်ခဲ့ကြရာ ယနေ့နံနက်ပိုင်းက မြို့မစျေးလမ်းရှေ့တစ်လျှောက် အမှိုက်သရိုက်များအား စည်ပင်ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများမှ စည်ပင်အမှိုက်သိမ်း ကားပေါ်သို့ ဝိုင်းဝန်တင်ဆောင်ခဲ့ကြသည်။

ပုဏ္ဏားကျွန်းမြို့၌ မိုခါမုန်တိုင်းဒဏ်ခံရသည့် ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် မိုခါမုန်တိုင်းဒဏ်ခံရသည့် ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူ ဗိုလ်ကြီး ဝေတိုးသူ ဦးဆောင်သော ဆေးကုသရေးအဖွဲ့ လာရောက်၍ ယမန်နေ့နံနက်(၈)နာရီမှ (၁၂) နာရီအထိ၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက် စာကြည့်တိုက် ဘက်စုံသုံးခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အမ်းမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ကျောင်းအပ်နှံရေး သီတင်းပတ်နေ့ အခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ကျောင်းအပ်နှံရေး သီတင်းပတ်နေ့ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဂွမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့​ အခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အခြေခံပညာ အထက်တန်းကျောင်း၊ ဂွမြို့၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မာန်အောင်မြို့၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ် တောင်ကုတ်ခရိုင် မာန်အောင်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက်၁၁နာရီက အ-ထ-က မာန်အောင် အောင်ဇေယျာခန်းမ၌ ပြုလုပ်သည်။

ဒုတိယဗိုလ်ချုပ်ကြီးလူအေး၊ ကျောက်ဖြူမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပြီးစီးရေး ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဗဟိုစာရင်းအင်းအဖွဲ့များနှင့် တွေ့ဆုံပြီး ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအား စာရင်းအမှန်ရရှိရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပြီးစီးနိုင်ရေး ရှင်းလင်းဆွေးနွေးကြသည်။

မအီမြို့တွင် ရာသီပေါ်ဦးစ ဒေသထွက်ရင်ကွဲသရက်သီးများ ဈေးကောင်းရရှိ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ရာသီပေါ် ဒေသထွက်ရင်ကွဲသရက်သီးများမှာ အခြားသရက်သီးများ လှိုင်လှိုင်မပေါ်မီရောင်းချရ၍ ဈေးကောင်းရရှိကြောင်း သရက်သီး လာရောက်ရောင်းချသူ တောင်သူများမှ သိရသည်။

မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက “မိုခါ”မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းများ တိကျမှန်ကန်စေရေးအတွက် ဗဟိုစာရင်းအင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက “မိုခါ”မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု စာရင်းများ မှန်ကန်စေရေးအတွက် ဗဟိုစာရင်းအင်းအဖွဲ့ဝင်များနှင့် ယမန်နေ့နံနက် (၁၀)နာရီအချိန်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ရိပ်သာ၌ တွေ့ဆုံဆွေးနွေးသည်။

ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်(၉)နာရီအချိန်က ဘူးသီးတောင်မြို့နယ် အလယ်ချောင်းကျေးရွာအုပ်စု၊ အမကမူလွန်စာသင်ကျောင်း၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဘူးသီးတောင်တပ်နယ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ လေဘေးသင့်ပြည်သူများအား(အခမဲ့) ဆေးကုသပေးနေမှု များကို လှည့်လှည်ကြည့်ရှုကာအားပေးစကားများပြောကြားခဲ့ပြီး အဆိုပါစာသင်ကျောင်း၌ မိုခါမုန်တိုင်း လေဘေးဒဏ်ကြောင့် အမိုးလန်ပျက်စီးသွားသောကျောင်းဆောင်အားလည်းကောင်း၊ ကကျက်ဘက်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းဆောင်ကို လည်းကောင်း၊ တပ်ရာကျေးရွာ အမှတ်(၃)အခြေခံပညာ မူလတန်းလွန်ကျောင်းအား လည်းကောင်း အမိုးလန်၊ပျက်စီးနေမှုအား လှည့်လှည်ကြည့်ရှုကာ စာသင်ကြားနိုင်ရေးအတွက် ကျေးရွာအစီအစဉ်ဖြင့်ပျက်စီးကျောင်းဆောင်များ ပြန်လည်ပြုပြင်နေမှုနှင့် ယာယီတာပေါ်လင်မိုးနေမှုအား ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားကာဆရာ/ဆရာမများအား ဇွန်လ(၁)ရက်နေ့ ကျောင်းဖွင့်လှစ်နိုင်ရေးတို့ကိုမှာကြားခဲ့ကြသည်။

မြေပုံမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးရန် ချေးငွေ အကြံပေးအဖွဲ့ အစည်းအဝေးပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေ ထုတ်ချေးရန် မြို့နယ်ချေးငွေအကြံပေးအဖွဲ့ အစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီ အချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်