ရခိုင်ပြည်နယ်

ဘူးသီးတောင်မြို့၌ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများ ထောက်ပံ့ပစ္စည်းများထားရှိမူနှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးတွက်ချက်တင်ပြမှုများအပေါ် စာရင်းများအား စစ်ဆေးခြင်းနှင့် ကျေးရွာအုပ်စုများမှ ရပ်ကွက်၊ကျေးရွာစာရေးများနှင့် တွေ့ဆုံ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိ သူများသည် ယနေ့နံနက်(၁၁)နာရီအချိန်က ဘူးသီးတောင်မြို့ မီးရထားဆိပ်ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာန၏ ဂိုဒေါင်၌ ယမန်နေ့က ရောက်ရှိလာသည့် ထောက်ပံ့ ပစ္စည်းများဖြစ်သော ဆန်အိတ် (၅၀၀)အိတ်၊ တာပေါ်လင် (၄၆၀) မီတာ(၂၄)ခု၊ တာပေါ်လင်လိပ် (၅၀)လိပ်၊ ဘေထုတ်(၆)ထုတ် ရောက်ရှိသိုလှောင်ထားရှိမှု အခြေအနေများ၊ စာရင်းရေးသွင်းမှုများ စနစ်တကျ ရှိ/မရှိတို့အား သွားရောက်ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ဒုတိယဗိုလ်ချုပ်ကြီးလူအေး ကျောက်ဖြူမြို့၌ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့်ဆုံးရှုံးမှုတန်ဖိုးအား နောက်ဆုံးစာရင်းညှိနှိုင်းခြင်း အစည်းအဝေးသို့တက်ရောက်

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်း ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ ဗဟိုစာရင်းအင်းအဖွဲ့များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အင်ဂျင်နီယာများနှင့်တွေ့ဆုံပြီး ဆိုင်ကလုန်း မုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးများအား စာရင်းညှိနှိုင်းခြင်း အပြီးသတ်တွက်ချက်မှုအား ပြန်လည်စိစစ် ဆွေးနွေးကြသည်။

ကျောက်ဖြူမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုဝင် သား/သမီးများအား ကျောင်းအသုံးအဆောင်ပစ္စည်းများနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းမိသားစုဝင် သား/သမီးများအား ကျောင်းအသုံးအဆောင်ပစ္စည်းများနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။

မြောက်ဦးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုမည့် ကူညီကယ်ဆယ်ရေးနှင့် စားသောက်ကုန်ပစ္စည်းများ တပ်မတော်ကမ်းထိုး ရေယာဉ်ဖြင့် ရောက်ရှိ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော တပ်မတော် ကမ်းထိုးရေယာဉ်ပေါ်မှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကူညီထောက်ပံ့သော စားသောက်ကုန် ပစ္စည်းများနှင့် ကူညီကယ်ဆယ်ရေး ပစ္စည်းများကို နယ်မြေခံတပ်မမှူး၊ ခရိုင်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် တာဝန်ရှိသူများက စစ်ဆေး လက်ခံရယူခဲ့ပြီး မြို့တော်ခန်းမသို့ ပြောင်းရွှေ့ပေးခဲ့သည်။

အမ်းမြို့နယ်၌ ၂၀၂၃ -၂၀၂၄ ပညာသင် နှစ်အခြေခံပညာကျောင်းများ သန့်ရှင်းစွာဖွင့်လှစ်နိုင်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရခိုင်ပြည်နယ် အမ်းခရိုင်၊အမ်းမြို့ နယ်တွင်၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အခြေခံပညာကျောင်းများသန့်ရှင်းစွာ ဖွင့်လှစ်ပညာ သင်ကြားနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယမန်နေ့နံနက်က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေ အခက်အခဲ ဖြစ်နေသည့် ပြည်သူများအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး ဖြန့်ဝေပေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေ အခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ ယနေ့နံနက်ပိုင်းက ရေသန့်စင်ကား IR9489 ဖြင့် သန့်ရှင်းသော သောက်သုံးရေများကို ရသေ့တောင်မြို့ အရှေ့တောင်ရပ်ကွက်နှင့် တေဇာရာမကျောင်းတိုက် ယာယီနေရပ်စွန့်ခွာစခန်းများရှိ စခန်းနေပြည်သူများအား ရေသန့်များအား ဖြန့်ဝေပေးခဲ့ပြီး၊ ရေသန့်စင်ကား IR9469 ဖြင့် သန့်ရှင်းသော သောက်သုံး ရေများကို ရသေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက်နှင့် ပညာရမီကျောင်းတိုက် ယာယီနေရပ်စွန့်ခွာစခန်းများရှိ စခန်းနေပြည်သူများအား ရေသန့်များအား ဖြန့်ဝေပေးခဲ့သည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ကျောင်းများအချိ န်မီဖွင့်လှစ်နိုင်ရေး မြို့ပေါ်ဌာနဆိုင်ရာများနှင့် ဆရာ၊ ဆရာမများမှ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းဒဏ်ကြောင့် အပျက်အစီးများခဲ့ရာ ပြိုပျက်မှုများတွင် စာသင်ကျောင်းများလည်းပါဝင်သည်။ ဇွန်လ(၁)ရက်နေ့တွင် အခြေခံပညာ ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ပျက်စီးဆုံးရှုံးခဲ့သောမြို့ပေါ်ကျောင်းများအား ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဆရာ၊ဆရာမများက ယမန်နေ့မွန်းလွဲပိုင်းက စုပေါင်းသန့်ရှင်းရေးလုပ်အားပေး ဆောင်ရွက်ခဲ့သည်။

သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခြံပြင်ကျေးရွာရှိ စံကားတောင်ဘုန်းတော်ကြီးကျောင်း ပြန်လည်ပြင်ဆင်ပြီးစီးမှုအား လှည့်လည်ကြည့်ရှု

သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၈း၃၀ နာရီက သံတွဲမြို့ ခြံပြင်ကျေးရွာရှိ စံကားတောင်ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ မုန်တိုင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း အဆောက်ဦးပျက်စီးမှုအား ပြန်လည်ပြင်ဆင်ပြီးစီးမှုအခြေအနေများကို ကြည်ရှုစစ်ဆေးခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၃၂၉၁၂၉ ဦးကျောင်းအပ်နှံထား

မြန်မာတစ်နိုင်ငံလုံးအနေဖြင့် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ရာ ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများကိုလည်း ဖွင့်လှစ်နိုင်ရန်စီစဉ်လျက်ရှိကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှသိရသည်။

မြောက်ဦးမြို့နယ်အတွင်း မုန်တိုင်းသင့် အခြေခံပညာကျောင်းများမှ မဖြစ်မနေ ယာယီစာသင်ဆောင် ဆောက်လုပ်ရမည့် ကျောင်းများအား တာပေါ်လင်စနှင့် ထောက်ပံ့ငွေများ ပေးအပ်

မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေ ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးသက် နှင့် တာဝန်ရှိသူများ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မဖြစ်မနေ ယာယီစာသင်ဆောင် ဆောက်လုပ်ရမည့် ကျောင်းများအား တာပေါ်လင်စနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်