ရန်ပြေမာန်ပြေဘုရားကြီး ပူဇော်ကန်တော့ပွဲနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ပူဇော်ပွဲ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တက်ရောက်ပူဇော်
စစ်တွေမြို့၊ ကမ္ဘာ့သာသနာပြု မဟာဇေယျသိဒ္ဓိအဓိဌာန်ဆရာတော်ကြီး၏ ဩဝါဒကိုခံယူ၍ ရန်ပြေမာန်ပြေဘုရားကြီး ပူဇော်ကန်တော့ပွဲနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ပူဇော်ပွဲကို ယနေ့နံနက် ပိုင်းကရန်ပြေမာန် ပြေဘုရားကြီးရင်ပြင်တော်၌ကျင်းပရာ မဟာဇေယျသိဒ္ဓိအဓိဌာန်ဆရာတော်ကြီးနှင့် ပင့်ဖိတ်ထားသော သံဃာတော်အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ပူဇော်ကြ သည်။