ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ထိခိုက်လွယ်အုပ်စုများအား ချီးမြှင့်ငွေပေးအပ်ပွဲအခမ်းအနား တက်ရောက်၊ လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုအား သွားရောက်ကြည့်ရှုစစ်ဆေး
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် လူမှုဝန်ထမ်းဦးစီးဌာန၏ ယာယီနေရပ်စွန့်ခွာသူများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ထိခိုက်လွယ်အုပ်စုများအား ချီးမြှင့်ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ယာယီနေရပ်စွန့်ခွာသူများ၊ ထိခိုက်လွယ်အုပ်စုများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။