ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း လောကာနန္ဒာ စေတီတော်မြတ်ကြီးပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ဆရာတော်ကြီးများအား ရှင်းလင်းလျှောက်ထားခြင်းနှင့် ရင်ပြင်တော် နေပူခံကျောက်ပြားခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေး
စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ဆရာတော်ကြီးများအား ရှင်းလင်းလျှောက်ထားခြင်းကို ယနေ့နံနက်ပိုင်းက လောကာနန္ဒာစေတီတော် လိုဏ်ဂူတော်အတွင်း၌ ကျင်းပရာ သံဃာတော်အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။