ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနများ၏ ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနများ၏ ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများ၊ အခန်းစောင့်ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲအခမ်းအနားကို မတ်လ ၅ ရက်နေ့ ညနေပိုင်းတွင် စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများ၏ ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများ၊ အခန်းစောင့်ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဒုတိယဝန်ကြီး ဦးစိုးကြည် စစ်တွေမြို့နယ်၊ ခေါင်းဒုက္ကာ (၂) IDP စခန်းမှ မီးဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှတပ်မတော်အဆင့်မြင့် အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်၊ ခေါင်းဒုက္ကာ (၂) IDP စခန်းမှ မီးဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ၍ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဝန်ထမ်းများနှင့်တွေ့ဆုံ၊ စစ်တွေသင်္ဘောကျင်းနှင့် သင်္ဘောဆိပ်အားလှည့်လည်ကြည့်ရှုစစ်ဆေး၊ လမ်းမီးများတတ်ဆင်နိုင်ရေး လှည့်လည်ကြည့်ရှု

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(ရခိုင်ဌာနခွဲ)နှင့် စစ်တွေသင်္ဘောကျင်းတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ စစ်တွေသင်္ဘောကျင်းနှင့် သင်္ဘောဆိပ်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး  အောင်မင်္ဂလာရပ်ကွက်အတွင်း လမ်းမီးများတတ်ဆင်နိုင်ရေး လှည့်လည်ကြည့်ရှုကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများအား တွေ့ဆုံအားပေးစကား ပြောကြား

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက စစ်တွေမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဆရာ၊ ဆရာမများက အနီးကပ်ပညာသင်ကြားပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးစကား ပြောကြားခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းတက်ရောက်

(၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တောင်သူ လယ်သမားများ တက်ရောက်ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလှည့်လည်ကြည့်ရှုစစ်ဆေး၊ မီးဘေးသင့်ပြည်သူများအား  ထောက်ပံ့ပစ္စည်းပေးအပ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီးနှင့် ရန်ပြေမာန်ပြေဘုရားကြီးတို့တွင် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်းသန့်ရှင်းရေး ဆောင် ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ စစ်တွေမြို့နယ်၊ ခေါင်းဒုက္ကာ(၂)IDP စခန်းမှ မီးဘေးသင့်ပြည်သူများအား တွေ့ဆုံ၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေပေးအပ်နေမှု၊ ဆန်နှင့် စားသုံးဆီများဖြန့်ဝေပေးနေမှုနှင့် ဆိုလာစနစ်ဖြင့် လမ်းမီးများတပ်ဆင်နေမှုအား ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ရွှေစေတီဘုန်းတော်ကြီးကျောင်းနှင့် စစ်ကဲတော်မင်းဘုန်းတော်ကြီးကျောင်းတို့၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ဆန်ရိက္ခာနှင့် စားသုံးဆီများ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ကြပြီး စစ်တွေမြို့ပေါ်ရှိ လမ်းများတွင် ဆိုလာစနစ်ဖြင့် လမ်းမီးများတပ်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း လူသုံးကုန်ပစ္စည်းများရောက်ရှိလာမှု သွားရောက်ကြည့်ရှုစစ်ဆေး

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင် ပြည်နယ်သို့ သင်္ဘောများဖြင့် ဆန်၊ စက်သုံးဆီ၊ စားဆီနှင့်အခြေခံစားသောက်ကုန်ပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိရာ စစ်တွေမြို့၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ကမ်း၌ အမ်ဗွီပြည့်ဖြိုးလျှံသင်္ဘောဖြင့် ရန်ကုန်မြို့မှ ဆန်၊ စားဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားတက်ရောက်၊ ကျောင်းသား၊ ကျောင်းသူများစာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေး

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အရာထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း စစ်တွေမြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
Subscribe to ရခိုင်ပြည်နယ်