ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မြောက်ဦးခရိုင်အတွင်း ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူးရေးလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက မြောက်ဦးခရိုင်အတွင်း ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံကြသည်။

ကျောက်တော်မြို့၌ (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ကျောက်တော်မြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ စာစီစာကုံးပြိုင်ပွဲဆု ရကျောင်သား/ကျောင်းသူများအား ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပညာရေးရုံးအစည်းအဝေးခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ရခိုင်ပြည်နယ်၏ ပုစွန်သားပေါက်လိုအပ်ချက်များကို ရာသီအမီ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်၏ ပုစွန်သားပေါက် လိုအပ်ချက်များကို ရာသီအမီ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်မျာကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ပုဏ္ဏားကျွန်းမြို့၌ ၇၆ နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်၊ ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ၇၆ နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ပုဏ္ဏားကျွန်းမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဝင်းမောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့နံနက် ၉ နာရီခန့်က ပုဏ္ဏားကျွန်းမြို့၊ မြို့မပရိယတ္တိ ကျောင်းတိုက်၊ သုခါဝသ ကျောင်းတော်ကြီး မြေညီထပ်၌ကျင်းပခဲ့သည်။

ဂွမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်   (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင် ၍ ဌာနဆိုင်ရာဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် သံဃာတော်အရှင်သူမြတ် (၅)ပါးအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေး အသိပညာပေး ဟောပြော

ရခိုင်ပြည်နယ် မောင်တောမြို့၌ မိုးရာသီ ကာလအတွင်း ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှိမ်နင်းရေး အသိပညာပေး ဟောပြောခြင်းကို ဇူလိုင် ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန် မောင်တော ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှိ မေယုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကဗျာအတွေးအမြင်ရေးသားမှုပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club, Youth Club တို့ ပူးပေါင်းကျင်းပသည့် ကဗျာအတွေးအမြင်ရေးသားမှုပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါအဆောက်အဦရှိ ဘက်စုံသုံးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကဗျာအတွေးအမြင် ရေးသားမှု ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club, Youth Club တို့ ပူးပေါင်းကျင်းပသည့် ကဗျာအတွေးအမြင် ရေးသားမှု ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါအဆောက်အဦရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

မောင်တောမြို့၌ ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသောဗိုလ်မှူးချုပ်တင်ဆွေနှင့်  တာဝန်ရှိသူများသည် မိုးစပါးဆင်းသွယ်လတ်မျိုးစေ့ထုတ်စိုက်ခင်းပျိုးထောင်ထားရှိကာ မြေပြုပြင်ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်လည်ထူထောင်ရေးအတွက်ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးနေဦး တာဝန်ရှိသူများနှင့်အတူ ကျန်းမာရေးဦးစီးဌာန နှင့် လူမှုရေးအဖွဲ့အစည်းများပူးပေါင်း၍  မိုးရာသီ ကာလအတွင်း ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားတတ်သည့် အခြားရောဂါများမဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် မြို့နယ်ရဲစခန်းအတွင်းရှိ နေအိမ်လိုင်းခန်းများအား ဖုံးသွန်လဲစစ်လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် မိုးစပါးဆင်းသွယ်လတ်မျိုးစေ့ထုတ်စိုက်ခင်းပျိုးထောင်ထားရှိကာ မြေပြုပြင်ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှုခဲ့သည်။

လက်ဝဲဒက်ပြင်ရှည်ကျေးရွာအုပ်စုကွင်း(၂၇၀-E)၊ လက်ဝဲဒက်မြောက် ကွင်းဦးပိုင်အမှတ်(၄၆)၌ စုပေါင်းထွန်ယက်ပွဲသို့ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်အားပေး

ဘူးသီးတောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် တောင်သူများပူးပေါင်းသည့် စုပေါင်းထွန်ယက်ပွဲကို ယနေ့နံနက်(၉)နာရီက လက်ဝဲဒက်ပြင်ရှည် ကျေးရွာအုပ်စု ကွင်းအမှတ် (၂၇၀-E)၊ လက်ဝဲဒက်မြောက်ကွင်း ဦးပိုင်အမှတ်(၄၆)၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်