ရခိုင်ပြည်နယ်

ဘူးသီးတောင်မြို့၌ ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီ တစ်ပိဿာလျှင် ၄၉၀၀ ကျပ်နှုန်းဖြင့် ဆက်လက်ရောင်းချပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများသူ အမှတ်(၇)ရပ်ကွက် မြတောင်ဘုန်းတော်ကြီးကျောင်းရှေ့လမ်းမပေါ် ၌စုရပ်ထားရှိကာ ယမန်နေ့ညနေပိုင်းက ပြည်သူများသို့စားသုံးဆီများ ဆက်လက်ရောင်း ချပေးခဲ့ကြသည်။

ဘူးသီးတောင်မြို့နယ်၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ စီမံကိန်း (RBF) ကျေးရွာအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းလှိုင်နှင့် တာဝန်ခံဝန်ထမ်းများသည် ယနေ့ နံနက် ၉ နာရီအချိန်က ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေစီမံကိန်း (RBF) ကျေးရွာအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်တွင် နယ်မြေခံတပ်ရင်းများမှ စာကြည့်တိုက်တာဝန်ခံများအား အခြေခံစာကြည့်တိုက်ပညာ သင်တန်းဖွင့်လှစ်ပို့ချ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် နယ်မြေခံတပ်ရင်း (၂) ရင်းမှ စာကြည့်တိုက် တာဝန်ခံများအား စာကြည့်တိုက်လုပ်ငန်း စွမ်းဆောင်ရည်များ မြင့်မားစေရန် ရည်ရွယ်၍ စက်တင်ဘာလ (၂၀) ရက်နေ့မှ  (၂၂) ရက်နေ့အထိ အခြေခံစာကြည့်တိုက် ပညာသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community Centre ခန်းမတွင်  ယမန်နေ့ မွန်းလွဲ(၁) နာရီက ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ပြန်လည်ထူထောင်ရေးအတွက် လတ်လောကာလ၊ ကာလတို၊ ကာလရှည် စီမံကိန်းရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ပြန်လည်ထူထောင်ရေးအတွက် လတ်တလောကာလ၊ ကာလတို၊ ကာလရှည် စီမံကိန်းရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအ‌ဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ကြသည်။

ဂွမြို့နယ်တွင် ဆောင်းရာသီ ဆီထွက်သီးနှံများ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းရာသီ ဆီထွက်သီးနှံများ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းနှင့် ပတ်သက်၍ မြို့နယ်ကြီးကြပ်မှုကော်မတီနှင့် မြို့နယ်ဆီစက်လုပ်ငန်းရှင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အမ်းမြို့ Ra EC ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းနှင့်လူငယ် အသိပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Ra EC ကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်း၍ လူငယ်စကားဝိုင်း၊ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား/သူများ လာရောက်လေ့လာ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ ယမန်နေ့နေ့လယ် ၂ နာရီ၌ အ.မ.က ဓညဝတီ(က)ကျောင်းမှ ကျောင်းသား/သူများ လာရောက်လေ့လာခဲ့ကြောင်း သိရသည်။

ငပလီမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာ မြင့်မားရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက အ.ထ.က(ခွဲ) လင်းသာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

မြေပုံမြို့နယ်၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့မှ ဈေးကွက်အတွင်းရှိ ကလေးအာဟာရ ဖြည့်စွက်စာအမျိုးမျိုး ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့မှ ဈေးကွက်အတွင်း ကလေးအာဟာရ ဖြည့်စွက်စာရောင်းချနေမှုကို ယနေ့ နေ့လယ် (၁) နာရီ အချိန်က မြို့မ ဈေးနှင့် ရပ်ကွက်များအတွင်းရှိ ကုန်စုံဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ သံတွဲမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယမန်နေ့နေ့လယ်ပိုင်းက သံတွဲမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှုကြသည်။
Subscribe to ရခိုင်ပြည်နယ်