ဘူးသီးတောင် စက်တင်ဘာ ၂၁
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းလှိုင်နှင့် တာဝန်ခံဝန်ထမ်းများသည် ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေစီမံကိန်း (RBF) ကျေးရွာအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူး ဦးထွန်းလှိုင်နှင့် တာဝန်ခံဝန်ထမ်းများသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးမွေးမြူရေးထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ အတွက် အရင်းအနှီးများ ရရှိစေရန်၊ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာများ ရရှိစေရန်နှင့် ဒေသထွက်ကုန်များကို အစုအဖွဲ့စနစ်ဖြင့် လုပ်ကိုင်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ စီမံကိန်း(RBF) ဆောင်ရွက်လျက်ရှိသည့် ငကျည်တောက်ကျေးရွာမှ မွေးမြူရေးအစုအဖွဲ့ (၄) ဖွဲ့တို့မှ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျေးရွာသူ/သားများ၊ ရပ်မိ၊ ရပ်ဖ၊ ကော်မတီဝင်များနှင့် တွေ့ဆုံကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
လှကျော်( ပြန်/ဆက်)