ကရင်ပြည်နယ်

ကရင်ပြည်နယ်သမဝါယမဦးစီးဌာနဝန်ထမ်းများ ငွေစုငွေချေးသမဝါယမအသင်း(လီမိတက်)၏ အရပ်ရပ်ဆိုင်ရာစည်းဝေး

ကရင်ပြည်နယ်အတွင်းရှိ သမဝါယမဦးစီးဌာနဝန်ထမ်းများ ငွေစုငွေချေးသမဝါယမအသင်း(လီမိတက်)၏ ၂၀၂၃-၂၀၂၄နှင့် ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းဝေးကို ဩဂုတ် ၆ ရက် နံနက်၁၁နာရီက ပြည်နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြဝတီခရိုင် စားသုံးသူကာကွယ်ရေးလုပ်ငန်းဆိုင်ရာများ ဆွေးနွေး

ကရင်ပြည်နယ်၊မြဝတီခရိုင်စားသုံးသူရေးရာကော်မတီအစည်းအဝေးကို ဩဂုတ် ၆ ရက် မွန်းလွဲပိုင်းက  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပသည်။

ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာ ပေးဟောပြောပွဲကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းဖွင့်လှစ်ခြင်း

ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး ဘားအံမြို့နယ်၊ သာနုံး-ရသဝေါ်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယမန်နေ့နံနက် ၁ဝ နာရီက အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း (၂/၂၀၂၅)ကို ဖွင့်လှစ်ခဲ့သည်။

ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးအသိပညာပေးဆိုင်ရာ Online (Talk Show) မြဝတီမြို့ တွင်ဆွေးနွေး

မြဝတီမြို့တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး online Talk Show ကို ယနေ့နေ့လယ် ၁ နာရီက ဆွေးနွေးခဲ့သည်။

သံတောင်ကြီးမြို့၌ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခြင်းကြောင့် မြေပြိုကာ ရှစ်ဦးသေဆုံး

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်၌ ဇူလိုင်၂၆ရက်မှစတင်ကာ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခြင်းကြောင့် ယနေ့နံနက် (၃)နာရီခန့်က  မြေပြိုမှုဖြစ်ပွားပြီး  ရှစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။ 

ဘားအံမြို့နယ်အတွင်း အမေရိကန်ဒေါ်လာသန်း(၇၀)ကျော် ရင်းနှီးမြှုပ်နှံ၍ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများတည်ဆောက်မည်

ဘားအံမြို့နယ်၊ လက္ခဏကျေးရွာရှိ မြေဧရိယာ ၃၂၀ ဧကပေါ်တွင် (၈၀)မဂ္ဂဝပ် နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံနှင့် တောင်ကလေးကျေးရွာရှိ မြေဧရိယာ ၄၀ ဧကပေါ်တွင် (၁၀) မဂ္ဂဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများတည်ဆောက်နိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့က စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် အဆိုတင်သွင်းသည့် Zeya & Associates Co.Ltd အား ယနေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ကော့ကရိတ်မြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး သ‌ဘောတရားအသိပညာပေး ဟောပြောပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး သ‌ဘောတရား အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း သရဖီခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်/မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှဝန်ထမ်းများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းက “မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ” အသိပညာပေးနံရံကပ်စာစောင်ကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်