ကရင်ပြည်နယ်

(၂၄)ကြိမ်မြောက် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာပွဲတော်အထိမ်းအမှတ်မြ၀တီမြို့ရှိ ပညာရည်ချွန်ဆုရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ ကရင်နှစ်သစ်ကူးထာဝရငြိမ်းချမ်းရေးကွင်း၌ ယမန်နေ့ ညနေ ၃ နာရီတွင် (၂၄)ကြိမ်မြောက်ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာပွဲတော်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြဝတီမြို့ရှိ ၂၀၂၄-၂၀၂၅ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြသည့်ကျောင်းသား၊ ကျောင်းသူများ၊ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် ပြည်နယ်အဆင့် လူရည်ချွန်ဆုရကျောင်းသားများ၊ သင်ကြားပြသပေးသော ဆရာ၊ ဆရာမများ၊ကရင်ရိုးရာ ချည်ဖြူဖွဲ့ (လက်ချည်) မင်္ဂလာအထိမ်းအမှတ်အထက်တန်းအဆင့်၊ အလယ်တန်းဆင့် စာစီစာကုံး နှင့် ကဗျာပြိုင်ပွဲဆုရ ကျောင်းသူ၊ ကျောင်းသားများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားအား ကျင်းပခဲ့ရာ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အမှတ်( ၄ )တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုန်နှ င့်တာဝန်ရှိ သူအဖွဲ့ဝင်များ၊ ကရင်စာပေနှင့်ယဥ်ကျေးမှု တိုးတက်ပြန့်ပွားရေး အသင်းနာယကများ ပွဲတော်ကျင်းပရေးဥက္ကဋ္ဌ ဦးစောကျော်မြင့်သန်းနှင့်တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ ခရိုင်ပညာရေးမှူး လက်ထောက်ပညာရေးမှူး​၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ကော့ကရိတ်မြို့တွင် ပွင့်လင်းညီညာတံတားချောင်းရေတိုက်စားမှုကြောင့်ပျက်စီး

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ပွားခဲ့ရာ ချောင်းရေတိုက်စားခံရသည့် အမှတ်(၃) ရပ်ကွက်၊ ကမ်းနားလမ်းနှင့် အမှတ်(၁)ရပ်ကွက်၊ ချောင်းတောင်သို့ သွယ်ဆက်ထားသော အကျယ် ၂၂ပေ၊ အရှည် ပေ ၁၅၀ရှိ ပွင့်လင်းညီညာတံတားသည် ယနေ့နံနက် ၆ နာရီက အမှတ်(၁)ရပ်ကွက် ချောင်းတောင်ဘက်ခြမ်း ကမ်းကပ်ခုံနှင့်ကပ်လျက် ပေ ၃၀ခန့် မြေကျွံပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

သံတောင်ကြီး ဒေသထွက်လက်ဖက်စိုများဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်မြို့ဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် စိုက်ပျိုးရေးကိုအဓိကလုပ်ဆောင်လျက်ရှိရာ လက်ဖက်စိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ယခုမိုးတွင်းအချိန်တွင် လက်ဖက်စိုများဝယ်လိုအား ကောင်းပြီး ဈေးကောင်းရရှိကြောင်း သိရသည်။

ကော့ကရိတ်မြို့တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး  

ဆက်သွယ်ရေးလိမ်လည်မှုကြောင့် ဆက်စပ်ဖြစ်ပေါ်လာနိုင်သော ငွေကြေးလိမ်လည်မှုနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲနင့် နံရံကပ်စာစောင် ပြသခြင်းကို ဩဂုတ် ၆ ရက် နံနက် ၁၁ နာရီက ကော့ကရိတ်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း သရဖီခန်းမ၌ ပြုလုပ်သည်။

သဘာဝဘေးဒဏ်သင့် ရေဘေးရှောင် ကျွဲ၊နွားများအတွက် တိရစ္ဆာန်အစာအိတ် (နွားစာနု)များ ပေးအပ်

ကရင်ပြည်နယ်အတွင်း ရေကြီးနစ်မြုပ်၍ သဘာဝဘေးဒဏ်သင့်ဒေသများရှိ ရေဘေးရှောင် ကျွဲ၊ နွားများအတွက် ပြည်နယ်ရေဘေးရန်ပုံငွေဖြင့် ဝယ်ယူထားသော တိရစ္ဆာန်အစာ (နွားစာနု) အိတ်များ ပေးအပ်ချီးမြှင့်သည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

လိပ်သိုမြို့လူထုအခြေပြုဗဟိုဌာန၌ “အပြည်ပြည်ဆိုင်ရာလူငယ်များနေ့” အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင်ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့” အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်များ တိုးတက်စေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ မြဝတီမြို့တွင် ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့ရာ မြဝတီမြို့နယ် ပြန်လည်ထူထောင်ရေး ဂေဟာ၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဦးစီးဌာန၊ စာသုံးသူရေးရာဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊အ​ ခြေခံပညာမူလတန်း(လွန်) ကျောက်လုံး ကြီးကျောင်းမှ ​​ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

သံတောင်ကြီးမြို့နယ်တွင် မွေးစမှအသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင်  မွေးစမှအသက် တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ကော့ကရိတ်မြို့နယ်၌ ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းများဆောင်ရွက်

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကော့ကရိတ်မြို့ အလေးမအားကစားရုံတွင် ယာယီရုံး ဖွင့်လှစ်ကာ  “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုဩဂုတ် ၄ရက် မှစ၍ ဆောင်ရွက်ပေးလျက်ရှိ‌ကြောင်းသိရသည်။

ကော့ကရိတ်မြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေး

ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်တိုက်မှုများ လျော့နည်းပပျောက်စေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ပညာပေးစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို  ကရင်ပြည်နယ် ကော့ကရိတ်မြို့ အမှတ်(၃)ရပ်ကွက်ရှိ မြို့မ‌ဈေးကြီးရှေ့တွင် ပြုလုပ်သည်။
Subscribe to ကရင်ပြည်နယ်