ကရင်ပြည်နယ်

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ထူးချွန်စွာတာဝန်ထမ်းဆောင်ခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု

၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ကျရောက်သည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များက ထူးချွန်စွာတာဝန်ထမ်းဆောင်ခဲ့ကြသော ရဲတပ်ဖွဲ့ဝင် များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၌  ပထမအကြိမ် မဲဆန္ဒရှင်စာရင်းတွင်  မဲဆန္ဒရှင် ၁၀၁၃၅ ဦးရှိ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာပေးခြင်းကို မြို့ပေါ်ရပ်ကွက်(၆)ခုရှိ ကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံး (၃) ရုံး၌ စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်မှစတင်၍ ထုတ်ပြန်ကြေညာသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာမှုအား ကြည့်ရှုစစ်ဆေး 

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ရပ်ကွက်/ ကျေးရွာအုပ်စုများအတွင်း ပထမအကြိမ် အခြေခံမဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မြဝတီမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်း တိုးမြှင့်ဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း လမ်းအသုံးပြုသူ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်မောင်းနှင်သူများအား မော်တော်ယာဉ်နည်းဥပဒေ/ ဥပဒေပါ သတ်မှတ်ပြဌာန်းချက်များအတိုင်း တိကျစွာလိုက်နာမှုရှိစေရေး အသိပညာပေးစစ်ဆေးဆောင်ရွက်ခြင်းကို စက်တင်ဘာ ၃၀ ရက်နေ့ညနေ ၁၀ နာရီက အမှတ် (၄) ရပ်ကွက်၊ ဘုရားကြီးကျောင်းရှေ့ မီးပ္ပိုင့်၌ ဆောင်ရွက်သည်။          

မြဝတီမြို့နယ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို ပထမအကြိမ်ကပ်ထားကြေညာမှုအား ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်၊ မြဝတီ ခရိုင်၊ မြဝတီမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအ ထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများအား ပထမအကြိမ် ကပ်ထားကြေညာခြင်းကို စက်တင်ဘာ ၃၀ နေ့နံနက်မှစ၍ ရပ်ကွက် (၁) ၊ (၂) ၊ (၃ ) ၊ (၄)၊ (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့တွင် ကပ်ထားကြေညာခဲ့သည်။

လှိုင်းဘွဲမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈)နှစ် ပြည့်ပြီးသူတိုင်း မဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် စက်တင်ဘာလ(၃၀) ရက်နေ့က ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book Club/Youth Club များ စာဖတ်ဝိုင်း ပြုလုပ်

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန်ရည်ရွယ်၍ Book Club/Youth Club အဖွဲ့ဝင် များက စာရေးဆရာ မောင်သာမည၏ အောင်မြင်ခြင်းနှင်းရှုံးနိမ့်ခြင်းစာအုပ်အား ယမန်နေ့ နေ့လယ် ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌စာဖတ်ဝိုင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လိပ်သိုဒေသထွက် ကွမ်းသီးခွံအုပ်ခြောက်များ စျေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို​ဒေသရှိ ဒေသနေပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ကွမ်းသီးပင်စိုက်ပျိုးသည့် လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ဒေသထွက်ကွမ်းသီးစို၊ ကွမ်းသီးခြောက်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

ကမမောင်းမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို ပထမအကြိမ် ကပ်ထားကြေညာ

ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပထမအကြိမ်ကပ်ထား ကြေညာခြင်းကို ယနေ့နံနက်ပိုင်းမှစ၍  ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများတွင် စတင်ဆောင်ရွက် ကြောင်း သိရသည်။

မြဝတီခရိုင်ရုံးမှ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အ-လ-က(၄) ကျောင်းသို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းကို အမှတ် (၄)၊ အခြေခံပညာအလယ်တန်းကျောင်း၌ စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့သည်။
Subscribe to ကရင်ပြည်နယ်