မြဝတီမြို့ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ရွှေမြင်းဝန်စေတီတော်မြတ်ကြီးနှင့်ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအား ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲနှင့် စုပေါင်းဆွမ်းတော်ကြီး ကပ်လှူ
သာသနာတော်နှစ်၂၅၆၉ ခုနှစ်၊ကောဇာသက္ကရာဇ်၁၃၈၇ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့နံနက် (၆:၀၀)နာရီတွင်ကရင်ပြည်နယ် မြဝတီခရိုင်၊မြဝတီမြို့ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ရွှေမြင်းဝန်စေတီတော်မြတ်ကြီးနှင့် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအား “ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲနှင့်စုပေါင်းဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲတော်”ကို ကျင်းပသည်။