မင်္ဂလာတောင်ညွန့် ဇန်နဝါရီ ၁၉
၁၉.၁.၂၀၂၆ ရက်နေ့၊ ၁ဝး၃၃ အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မင်္ဂလာတောင်ညွှန့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ ရေသယ်ယာဉ် (၁) စီး ထွက်ခွာလျက်ရှိပါသည်။
၁ဝး၃၉ အချိန် Level 1 ယာဉ်အုပ်စုများ ထွက်ခွာလျက်ရှိပါသည်။ ၁၁း၀၄ အချိန် Level 2 ယာဉ်အုပ်စုထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။
၁၁း၁၅ အချိန်တွင် မီးထိန်းပါသည်။ ၁၁း၄၂ တွင် မီးငြိမ်းပါသည်။ အသေးစိတ်သတင်းအားသိရှိပါက ဆက်လက်တင်ပြသွားပါမည်။
မြတ်မြတ်အေး (ပြန်/ဆက်)