‎မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူကြည်ညိုပွဲကျင်းပ

မဟာအောင်မြေ ဧပြီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မဟာမြိုင် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အန္တရာယ်ကင်းပရိတ်တရားတော်နာယူကြည်ညိုပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ အန္တရာယ်ကင်းပရိတ်တရားတော်ကို မဟာမြိုင်ကျောင်းတိုက်ဆရာတော် ဦးဥတ္တမအမှူးပြုသော ဆရာတော်၊ သံဃာတော်များက ရွတ်ပွားသော ပရိတ်တရားတော်များကို မဟာအောင်မြေမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်နှင့် အဖွဲ့ဝင် များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများ တက်ရောက်နာယူကြည်ညို၍ လှူဖွယ်ပစ္စည်းများကို ဆရာတော်၊ သံဃာတော်များအား ဆက်ကပ်လှူဒါန်းခဲ့သည်။

‎‎‎အောင်ဇော်မင်း