မန္တလေးတိုင်းဒေသကြီး

မြင်းခြံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့် တာဝန်ရှိသူများ မြင်းခြံမြို့အတွင်းရှိ မဲရုံပြင်ဆင်ထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့် တာဝန်ရှိသူများ မြင်းခြံမြို့အတွင်းရှိ မဲရုံပြင်ဆင်ထားရှိမှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးကို ယမန်နေ့ ညနေ ၃ နာရီမှစတင်၍ ကြည့်ရှုစစ်ဆေးကြသည်။

ငါန်းဇွန်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးမိုးအောင်၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အပိုင်း (၃) ကြိုတင်ဆန္ဒမဲပေးခြင်း ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်တွင် မြစ်သားမြို့နယ်၌ ကျင်းပသွား မည်ဖြစ်ရာ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေးနှင့် နိုင်ငံသားတစ်ဦး၏ တာဝန်ကျေပွန်စေရေးအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီ ၂၁ ရက်နေ့တွင် အ‌ခြေခံပညာနှင့် စက်မှုစိုက်ပျိုး‌မွေးမြူ‌ရေးအထက်တန်း‌ကျောင်း၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သာစည်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအထောက်အကူပြု အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအထောက်အကူပြု အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၁ ရက်နံနက် ၉ နာရီက သာစည်မြို့ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၌ ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့ပေါ်ရပ်ကွက်များတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီ ၁၅ ရက်နေ့ နံနက်ပိုင်းမှစ၍ ယနေ့နံနက်ပိုင်းတွင်လည်း ကြိုတင်မဲများ လာရောက်ပေးလျက်ရှိ သည်။

တောင်နံ့သာ အခြေခံပညာမူလတန်းကျောင်း၌ တိုင်းရင်းဆေးပညာအကြောင်း အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တိုင်းရင်းဆေးကုသရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်ပြီး ဘက်စုံထူးချွန်သူများဖြစ်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ ပိုင်းက တောင်နံ့သာ အခြေခံပညာမူလတန်းကျောင်း၌ တိုင်းရင်းဆေးပညာအကြောင်း အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး မုန့်ပေါင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲများ၊ စာအုပ်ပြပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၁ နာရီက မုန့်ပေါင်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၁)အခြေခံပညာ အလယ်တန်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၁) အခြေခံပညာအလယ်တန်းကျောင်း၌ ဗလငါးတန်နှင့် ပြည်စုံစေသည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန် ယနေ့နံနက် ၁၀ နာရီက  လူငယ်စကားဝိုင်း  ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

မြစ်သားမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီဈေးနှုန်းချိုသာစွာ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်တွင် Resources Group Trading Co. Ltd နှင့် Hike Co.Ltd များဦးဆောင်မှုဖြင့် ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ မြစ်သားမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား စျေးနှုန်းချိုသာစွာစားသုံးနိုင်ရန်အတွက် စားအုန်းဆီတစ်ပိဿာ ၇၁၅၀/-ကျပ် နှုန်းဖြင့် ဇန်နဝါရီ ၂၀ ရက် နံနက် ၈ နာရီမှ နေ့လယ် ၁၂ နာရီအထိ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ မွမ်းမံသင်တန်း အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ မွမ်းမံသင်တန်းအခမ်းအနားကို ဇန်နဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်းက အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်းခွဲ ချယ်ရီစူပါစိမ်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး