မြို့သစ်မြို့နယ်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်မည်

မြို့သစ် ဖေဖော်ဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရးဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းသားကျောင်းသူများ နွေရာသီကာလ၌ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ပန်းချီရေးဆွဲရာတွင် အခြေခံကျကျရေးဆွဲတတ်စေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို မတ်လ ၁ ရက်နေ့မှစတင်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (BookClub) အဖွဲ့ဝင်ဖြစ်သည့် ပန်းချီဆရာ ဦးတင်မောင်ဝင်းက သင်တန်းနည်းပြအဖြစ် ဆောင်ရွက်ကာ အခြေခံပန်းချီရေးဆွဲရာတွင် ပါဝင်ရမည့်အချက်များ၊ ပန်းချီရေးဆွဲမည့်ပုံစံအမျိုးမျိုး၊ အရောင်ခြယ်ပုံခြယ်နည်း၊ အလင်းအမှောင်နှင့်ပန်းချီရေးဆွဲနည်းဆိုင်ရာအကြောင်းအရာများကို မတ်လ (၁) ရက်နေ့မှ (၃၁) ရက်နေ့အထိ (တနင်္ဂနွေမပါ)  ညနေ (၄) နာရီမှ (၅) နာရီအထိ အခြေခံပညာမူလတန်း၊ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများအား ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)