မကွေးတိုင်းဒေသကြီး

ပွင့်ဖြူမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စုလူဦးရေစာရင်းများ ထုတ်ပေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ကန်ဆွယ်ကျေးရွာ၌ ကွင်းဆင်းပြုလုပ်ပေးသည်။

ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ပဲလွမ်းဧကအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ တစ်ဧကလျှင် ၁၆ ဒသမ ၅၇ တင်း ထွက်ရှိ

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ပဲလွမ်းဧကအားလုံး ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ တစ်ဧကလျှင် ၁၆ ဒသမ ၅၇ တင်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  သိရသည်။  

မင်းလှမြို့၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ လုပ်ငန်းဆိုင်ရာ ဆွေးနွေးခြင်းနှင့် မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများလုပ်ငန်းဆိုင်ရာ ဆွေးနွေးခြင်းနှင့် မိတ်ဆက်ခြင်း အခမ်းအနားကို ယမန်နေ့ညနေက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆင်ပေါင်ဝဲမြို့ရှိ “အောင်” စက်သုံးဆီအရောင်းဆိုင်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့ရှိ“အောင်” စက်သုံးဆီအရောင်းဆိုင်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ နွေစပါးနှင့် ဆီထွက်သီးနှံ စိုက်ပျိုးတောင်သူများကို စက်သုံးဆီများ ကျေးရွာအရောက် ဆက်လက်ဖြန့်ဖြူးရောင်းချပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါးနှင့်ဆီထွက်သီးနှံရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးအတွက် ယနေ့နက်ပိုင်းက မြို့နယ်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှတာဝန်ရှိသူများက နွေစပါးနှင့်ဆီထွက်သီးနှံစိုက်ပျိုးရေးအတွက် မြေယာထွန်ယက်ပြုပြင်ရန်ကျန်ရှိသော တောင်သူများထံသို့ စက်သုံးဆီများ ကျေးရွာအရောက် ဆက်လက်ဖြန့်ဖြူးရောင်းချပေးသည်။

နတ်မောက်မြို့နယ် ကုန်းဇောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီးစံကိန်းရန်ပုံငွေ (၆)ကြိမ်မြောက် စက်ဝန်းထုတ်ချေးပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ ကုန်းဇောင်းကျေးရွာ၌(၆)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေထုတ်ချေးခြင်းကို ယမန်နေ့ နံနက်၁၁ နာရီအချိန်က ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ကဆုန်လပြည့်နေ့တွင် ကဆုန်ညောင်ရေသွန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မကွေးမြို့ မြသလွန်ဘုရားရင်ပြင်တော်၌ ကဆုန်ညောင်ရေသွန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မကွေးမြို့ပေါ်မှ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်၌ (VDP)စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီမံကိန်းလုပ်ငန်းဆိုင်ရာ AVIP သင်တန်း ဖွင့်လှစ်ပို့ချ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် စီမံကိန်းလုပ်ငန်းဆိုင်ရာ AVIP သင်တန်းဖွင့်ပွဲကို ယမန်နေ့က အဆိုပါ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အောင်လံမြို့၌ အပူလှိုင်းသတိပေးချက်များ လိုက်နာဆောင်ရွက်ရေး အသိပညာပေးနှိုးဆော်

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်တွင် အပူရှိန်အလွန်အမင်း မြင့်တက်နေမှုကြောင့် ပြည်သူများ အပူဒဏ်အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေး နှိုးဆော်မှုများကို ယနေ့တွင် ကွင်းဆင်းဆောင်ရွက်သည်။

သရက်မြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်ဝင်းနှင့် ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်တို့တွင်
Subscribe to မကွေးတိုင်းဒေသကြီး