ကျောက်ဆည် ဖေဖော်ဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ၂၀၂၅-၂၀၂၆ ခုနှစ် နွေသီးနှံစုံ လျာထားစိုက်ပျိုးရာ၌ မင်းရဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းအောက်ရှိ ကျေးရွာအုပ်စု ၁၁ အုပ်စု၌ နွေစပါး ၂၄၄၇ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ လျာထားစိုက်ပျိုးရာတွင် တောင်နောက်ကျေးရွာအုပ်စု၌ ၁၄၀ ဧက၊ သင်တောင်းကျေးရွာအုပ်စု၌ ၄၃၇ ဧက၊ အင်တိုင်းကျေးရွာအုပ်စု၌ ၃၇၈ ဧက၊ ကြက်မင်းတွန်ရပ်ကွက်ကျေးအုပ်စု၌ ၁၀ ဧက၊ ဖောင်ရွာ ရပ်ကွက်ကျေးရွာအုပ်စု၌ ၁ ဧက၊ ပတ္တာကျေးရွာအုပ်စု၌ ၆၅၁ ဧက၊ ပင်တလည်ကျေးရွာ အုပ်စု၌ ၅၇၃ ဧက၊ ပြည်ပန်းကျေးရွာအုပ်စု၌ ၁၈၅ ဧက၊ မြင်းကဘက်ကျေးရွာအုပ်စု၌ ၄၀ ဧက၊ မုန့်ပေါင်းကျေးရွာအုပ်စု၌ ၂၀ ဧက လက်ပံဇင်ကျေးရွာအုပ်စု၌ ၁၂ ဧက စုစုပေါင်း ၂၄၄၇ ဧက စိုက်ပျိုးရန် လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
လျာထားနွေစပါးသီးနှံများ ပြည့်ဝကျော်လွန်စွာ စိုက်ပျိုးနိုင်ရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ စပါးပျိုးထောင်ရေများကို ရေပေးဝေရေးမြောင်းများအလိုက် အလှည့်ကျ စတင်ပေးဝေလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)