ပုသိမ်ကြီး ဖေဖော်ဝါရီလ ၁၇
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာရှိ သမိုင်းဝင်ရွှေစာရံဘုရား၊ ဘုရားပွဲတော်ကျင်းပနေစဉ် ကာလအတွင်း မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့် ဦးဆောင်၍ ယနေ့နံနက်ပိုင်းက သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရွှေစာရံဘုရားနှင့် ဈေးတန်းများအား မီးဘေးကြိုတင် ကာကွယ်ရေး စစ်ဆေးခြင်းနှင့် မီးသတိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ရွှေစာရံဘုရားပတ်ဝန်းကျင်ရှိ လူနေအိမ်များအား မီးဘေးကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဇာနည်ကိုကိုပြန်/ဆက်